ပါကစ္စတန် လွှတ်တော်၌ ဘတ်ဂျက်အဆိုပြုခြင်းများအပြီး ဆူညံငြင်းခုန်မှုများ ဖြစ်ပွား

By Zee News
22 June 2021
ပါကစ္စတန် လွှတ်တော်၌ ဘတ်ဂျက်အဆိုပြုခြင်းများအပြီး ဆူညံငြင်းခုန်မှုများ ဖြစ်ပွား

ဝန်ကြီးချုပ် အီမရန်ခန်းအစိုးက အဆိုပြုခဲ့သော ဘတ်ဂျက်များသည် အလုပ်လက်မဲ့နှင့် ငွေကြေးဖောင်းပွမှု ပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်ဟု အတိုက်အခံပါတီများက ကန့်ကွက်ပြောကြားခဲ့သောကြောင့် ပါကစ္စတန်လွှတ်တော်အစည်းအဝေးများကို ရွှေ့ဆိုင်းလိုက်ရကြောင့် လွှတ်တော်၏ တွစ်တာတွင် ရေးသားထားသည်။

လွှတ်တော်အစည်းအဝေးတွင် ဘဏ္ဍာရေးကော်မတီလွှတ်တော်အမတ်များက များက ဆူညံမှုများနှင့် အပြန်အလှန် စွပ်စွဲပြောဆိုခဲ့ကြသည်။ လွှတ်တော်အမတ်များကလည်း ခိုက်ရန်ဖြစ်ပွားကာ ဘတ်ဂျက်အဆိုပြုလွှာ စာရွက်များဖြင့် ပစ်ပေါက်ခဲ့ကြသည်။ တွစ်တာပေါ်သို့ ရောက်ရှိလာသည့် ဗီဒီယိုတွင် လွှတ်တော်အစည်းအဝေး အတွင်း ခေါင်းစဉ်အချို့ကို စတင်ပြီးနောက် ငြင်းခုန်ကြရာတွင် လွှတ်တော်အမတ်တစ်ဦးဖြစ်သူ အလီနာဝက်ဇ်အာဝမ်က ညစ်ညမ်းသည့် စကားလုံးများကို သုံးစွဲခဲ့သည်။ ဖက်ဒရယ်အစိုးရဝန်ကြီး ရှာဟာ မိုဟာမက်ကူရီရှီကလည်း သူ၏နေရာတွင်ပင် ထိုင်နေခဲ့ကြောင်း တွေ့မြင်ရသည်။

ပါကစ္စတန် မွတ်စလင်အဖွဲ့ချုပ်-နာဝက်ဇ် (PML-N) ဥက္္ကဌနှင့် အတိုက်အခံပါတီခေါင်းဆောင်ဖြစ်သူ ရှာဘက်ဇ်ရှာရစ်ဖ် မိန့်ခွန်းပြောကြားစဉ် ယခုကဲ့သို့ ဆူပူမှုများ ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။။ PML-N ဥက္ကဌ မိန့်ခွန်း ပြောကြားစဉ် ဘဏ္ဍာရေးကော်မတီလွှတ်တော်အမတ်များက ကဲ့ရဲ့ခြင်း၊ ဆောင်ပုဒ်များဟစ်အော်ခြင်းနှင့် ဝီစီမှုတ်ခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း Geo News သတင်းတွင် ဖော်ပြထားသည်။

“အီမရန်ခန်းနီရာဇီက အလုပ်အကိုင် ၁၀ သန်းရအောင် လုပ်ပေးမယ်လို့ ကတိပြုတယ်။ ဘယ်မှာလဲ အလုပ်တွေ။ ပြည်ပကနေ ပြန်ယူမယ်ဆိုတဲ့ ဒေါ်လာ ၃၀၀ ဘီလျံဆိုတာဘယ်မှာလဲ” ဟု ရှာရစ်ဖက်က မေးခွန်းထုတ်ခဲ့သည်။

ဝန်ကြီးချုပ် အီမရန်ခန်းက ပါကစ္စတန်တွင် အကျင့်ပျက်ခြစားမှု ပပျောက်အောင် လုပ်မည်ဆိုသော်လည်း တကယ်လက်တွေ့ ဖြစ်မလာကြောင်းလည်း ၎င်းက ပြောသည်။

“ပါကစ္စတန်မှာ အဆိုရွားဆုံး အကျင့်ပျက်ခြစားမှုပုံစံတွေ ဖြစ်နေပြီ။ အရေးယူတာတွေ မရှိသေးဘူး” ဟုလည်း ရှာဘက်ဇ်က ပြောကြားသည်။

ပြီးခဲ့သည့် သီတင်းပတ်အစောပိုင်းက ပါကစ္စတန်ဘဏ္ဍာရေးဝန်ကြီး ရှာအူကတ်တာရင်က ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်အဆိုပြုလွှာကို တင်ခဲ့ခြင်း ဖြစ်သည်။

လွှတ်တော် အစည်းအဝေးတွင် ဥက္ကဌ အာဆက်ကီဆာက ကြားဝင်ဟန့်တားကာ ဘဏ္ဍာရေးကော်မတီမှ လွှတ်တော်အမတ်များအနေဖြင့် ဆူပူအော်ဟစ်မှုများ မလုပ်ဆောင်ရန် မေတ္တာရပ်ခဲ့သော်လည်း ဆက်လက် ဆူညံနေသောကြောင့် အတိုက်အခံခေါင်းဆောင်က ဆူညံသံများကို မကြားရအောင် နားကြပ်ကိရိယာကို တပ်ဆင်ကာ ဆက်လက်မိန့်ခွန်းပြောခဲ့သည်။

“တိုင်းပြည်က တိုးတက်နေတယ်ဆိုရင် အထက်တန်းလွှာတွေနဲ့ အစိုးရအကြီးအကဲတွေက ဒီကြွယ်ဝမှုတွေကို ခံစားစံစားနေကြတာလား။ နိုင်ငံတွင်းက ဆင်းရဲတဲ့ပြည်သူတွေကတော့ ငတ်ပြီး သေနေကြပြီ” ဟု PML-N ဥက္ကဌက ဝေဖန်ပြောကြားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required