ကရင်နီပြည်နယ်မှာ ကျဆုံးပြည်သူ ၇၁ ဦးအထိရှိလာ

ကရင်နီပြည်နယ်မှာ ကျဆုံးပြည်သူ ၇၁ ဦးအထိရှိလာ

ဇွန် ၂၂

ကရင်နီပြည်နယ်မှာ စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကြောင့် ကျဆုံးပြည်သူ ၇၁ ယောက်အထိရှိလာပြီလို့  တိုးတက်သောကရင်နီပြည်သူ့အင်အားစု-PKPF ကထုတ်ပြန်ပါတယ်။ 

အဆိုပါ စာရင်းထဲမှာ အကြောင်းမဲ့ ပစ်သတ်ခံရတဲ့ပြည်သူက (၅၅) အထိရှိပြီး အများဆုံးဖြစ်နေပါတယ်။ PDF နဲ့ KNPP တပ်ဖွဲ့ဝင် ၁၃ ဦးကျဆုံးခဲ့ရပြီး အရွယ်မရောက်သေးတဲ့ ကလေးငယ် သုံးယောက်လည်း သေဆုံးခဲ့ရပါသေးတယ်။၊ 

ဒီးမော့ဆိုမြို့နယ်က ကျဆုံးသူအရေအတွက်အများဆုံးဖြစ်ပြီး လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ဘော်လခဲမြို့နယ်တွေက ပြည်သူတွေ ကျဆုံးခဲ့ရတာပါ။ 

လက်ရှိအချိန်ထိ စစ်ကောင်စီနဲ့ KNDF တပ်ဖွဲ့ဝင်တွေ အပစ်ရပ်ထားပေမယ့်လို့ ဒီးမောဆိုအရှေ့ဖက်ခြမ်းမှာ စိုးရိမ်ရတဲ့အခြေအနေ ရှိနေသေးတယ်လို့လဲ PKPF ရဲ့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ 

အလားတူ ဒီးမော့ဆိုမြို့နယ်၊ ထီးပို့ကလိုးကျေးရွာအုပ်စုကဒေသခံ နှစ်သောင်းကျော်ဟာလည်း စစ်ကောင်စီတပ်တွေရွာထဲဝင်လာလို့ ထွက်ပြေးနေကြရတယ်လို့သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required