တာမွေ မအူကုန်းလမ်းကျယ်မှာ ဗုံး၂လုံးပေါက်

တာမွေ မအူကုန်းလမ်းကျယ်မှာ ဗုံး၂လုံးပေါက်
Photo - CJ

ဇွန် ၂၁

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် မအူကုန်းလမ်းကျယ်မှာ ဇွန်လ ၂၁ ရက်နေ့ ညပိုင်းက ဗုံးနှစ်လုံး ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

“ဗုံးက အသံအကျယ်ကြီးပဲ ၊ အရင်ရက်က မီးလောင်ခဲ့တဲ့ ၁၃၅လမ်းက မအူကုန်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်မှာ ပေါက်ကွဲမှု ထပ်ဖြစ်တာလို့ ပြောနေကြတယ် “ လို့ တာမွေနေ ပြည်သူတစ်ဦးက ပြောပါတယ်။

ပေါက်ကွဲမှု ဖြစ်တဲ့အနီးအနားကို စစ်ကောင်စီတပ်တွေက ပိတ်ဆို့ပြီး ရှာဖွေ စစ်ဆေးနေတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

တာမွေမှာ မကြာခနဆိုသလို ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်နေပြီး စစ်ကောင်စီက ပေါက်ကွဲမှု အနီးအနားရှိသူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာတွေလဲ ရှိနေပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly