CDM ကို မရပ်ပစ်ဘဲ နေ့စားအလုပ်သမားအဖြစ်နဲ့ ဘဝကို ရုန်းကန်နေတဲ့ ကျောင်းဆရာမ

CDM ကို မရပ်ပစ်ဘဲ နေ့စားအလုပ်သမားအဖြစ်နဲ့ ဘဝကို ရုန်းကန်နေတဲ့ ကျောင်းဆရာမ

စစ်တပ်က အာဏာသိမ်းတာကို လက်မခံလို့ စာသင်ခန်းကို စွန့်ခွာပြီး အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM ပြုလုပ်တဲ့အတွက် ခွင့်မဲ့ပျက်ကွက်မှုနဲ့ ရာထူးကနေ ထုတ်ပယ်ပြီး စစ်ကောင်စီက ဝန်ထမ်းလစာတွေကို လည်း ဖြတ်တောက်လိုက်ပါတယ်။
ကိုယ်ယုံကြည်ရာလမ်းကို လျှောက်လှမ်းခဲ့တဲ့သူ့အတွက် မိသားစုစားဝတ်နေရေး ဖြေရှင်းနိုင်ဖို့ ဝင်ငွေရမယ့် အလုပ်တစ်ခုတော့ လိုအပ်လာပါတယ်။ ဒါကြောင့် နီးစပ်ရာစက်ရုံတစ်ခုမှာ တစ်ရက်ကို ငွေကျပ် ၄၈၀၀ နဲ့ နေ့စားအလုပ်သမားအဖြစ် ဝင်ရောက်လုပ်ကိုင် နေပါတယ်။
နေ့စားအလုပ်သမားတစ်ယောက်ဝင်ငွေ တစ်ရက်ကို ငွေကျပ် ၄၈၀၀ နဲ့ မိသားစုတစ်စုစာ လုံလုံလောက်လောက် စားသောက်လို့မရပေမယ့် CDM ကို ရပ်ပစ်ဖို့တော့ သူ့မှာ စိတ်ကူးမရှိပါဘူး။
အခုလို CDM ကို မရပ်ပစ်ဘဲ နေ့စားအလုပ်သမားအဖြစ်နဲ့ ဘဝကိုရုန်းကန်ပြီး ကိုယ်ယုံကြည်ရာလမ်းကို လျှောက်လှမ်းနေတဲ့ ကျောင်းဆရာမတစ်ဦးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly