ပါကစ္စတန်တွင် ရဲများက ရုံးတင်စစ်ဆေးမည့်သူ ၂ ဦးကို တရားရုံးဝင်းအတွင်း ညှဉ်းပမ်းနှိပ်စက်

By ANI
18 June 2021
ပါကစ္စတန်တွင် ရဲများက ရုံးတင်စစ်ဆေးမည့်သူ ၂ ဦးကို တရားရုံးဝင်းအတွင်း ညှဉ်းပမ်းနှိပ်စက်

ပါကစ္စတန်အရှေ့မြောက်ပိုင်း ပန်ဂျပ်ပြည်နယ်ရှိ နာရိုဝယ်မြို့တွင် ရုံးတင်ရန် စောင့်ဆိုင်းနေသူ ၂ ဦးကို ရဲများက တရားရုံးဝင်းအတွင်း နှိပ်စက်သောကြောင့် သေလုမျောပါး ဒဏ်ရာများရရှိခဲ့ကြပြီး ဆေးရုံသို့ ပို့ဆောင်လိုက်ရသည်။

၎င်းတို့ ၂ ဦးကို ခိုးမှု၊ လုယက်မှုနှင့် အခြားရာဇဝတ်မှုတို့ဖြင့် ခရိုင်အချုပ်ခန်းမှ တရားရုံးသို့ ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အကျဉ်းသားတစ်ဦးက သူ့အမေသည် သူ့အတွက် အဝတ်အစားများနှင့် စားစရာများကို လာပို့ရာတွင် လက်ထောက် ရဲအရာရှိ မိုဟာမက်အက်ဇဟာက သူမကို စော်ကားခဲ့ကြောင်းနှင့် ရဲများကို တံစိုးလက်ဆောင် ပေးသူများက ဆွေမျိုးများနှင့် တွေ့ခွင့်ရကြောင်းလည်း ၎င်းက ပြောကြားသည်။

သို့သော် အဆိုပါ စွပ်စွဲချက်အားလုံးကို ရဲများက ငြင်းဆိုခဲ့ပြီး ဖမ်းဆီးခံထား၇သူ ၂ ဦးသည် အချင်းချင်း တိုက်ခိုက်ရာမှ ဒဏ်ရာရသွားခြငးဖြစ်ကြောင်း အက်ဇဟာက ပြောသည်။

တံစိုးလက်ဆောင် ယူသည်ဆိုသော စွပ်စွဲချက်ကိုလည်း အက်ဇဟာက ငြင်းဆိုခဲ့ပြီး ဧည့်သည်နှင့် တွေ့ဆုံချိန်တွင် ယခုစွပ်စွဲသူများကသာ မူးယစ်ဆေးဝါးများကို ရယူခဲ့ကြောင်း ပြောကြားသည်။

ဖမ်းဆီးခံထားရသူများအား မိသားစုနှင့် တွေ့ဆုံခွင့်မပြုသည့်အခါ ၎င်းတို့က ရဲများကို စွပ်စွဲခြင်း ဖြစ်ကြောင်း အက်ဇဟာက ပြောသည်။

ယခုဒဏ်ရာရရှိသူတို့၏ မိဘများက ရဲများကို အရေးယူပေးရန် တောင်းဆိုထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly