ကိုဗစ်ကာကွယ်ဆေး မလုံလောက်သော်လည်း ထိုင်ဝမ်က တရုတ်၏ အကူအညီကို ဆက်လက်ငြင်းဆန်

ကိုဗစ်ကာကွယ်ဆေး မလုံလောက်သော်လည်း ထိုင်ဝမ်က တရုတ်၏ အကူအညီကို ဆက်လက်ငြင်းဆန်

ထိုင်ဝမ်တွင် ကိုဗစ်-၁၉ ရောဂါအခြေအနေဆိုးရွားပြီး ကာကွယ်ဆေးမလုံလောက်မှုနှင့် ရင်ဆိုင်နေရသော်လည်း ထိုင်ဝမ်က တရုတ်၏ အကူအညီကို ငြင်းဆန်ထားသည်။

ထိုင်ဝမ်တွင် ယခင်က ကိုဗစ်-၁၉ သည် လူအများအပြားသို့ ကူးစက်ခံရခြင်း မရှိခဲ့သောကြောင့် ကျန်းမာရေး အကျပ်အတည်း စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ စံပြနိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရသည်။

၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများ၌ အသွားအလာ ပိတ်ဆို့ ကန့်သတ်မှု လုပ်ခဲ့ရသော်လည်း ထိုင်ဝမ်ပြည်တွင် စားသောက်ဆိုင်များ၊ ဈေးဆိုင်များနှင့် ယဉ်ကျေးမှုဆိုင်ရာနေရာများကို ပုံမှန် ဖွင့်လှစ်ထားခဲ့ကြသည်ဟု France24 က သတင်းဖော်ပြခဲ့သည်။

သို့သော် ၂၀၂၁ခုနှစ် ဧပြီလတွင် ဗြိတိန်၌ ပထမဆုံးဖြစ်ပွားခဲ့သည့် 'Alpha' ဗိုင်းရပ်စ်မျိုးကွဲတစ်မျိုးသည် လေကြောင်းလိုင်းမှ လေယာဉ်မှုးများသို့ ကူးစက်ရာမှာတဆင့် ထိုင်ဝမ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု သိသာစွာ ဆိုးရွားလာခဲ့သည်။

၂၀၂၀ပြည့်နှစ် ကပ်ရောဂါကူးစက်ပျံ့နှံ့မှုစတင်ကတည်းက ပထမဆုံးအကြိမ်အနေဖြင့် ထိုင်ဝမ်တွင် အသွားအလာ ပိတ်ဆို့မှုအချို့ ပြုလုပ်ခဲ့ပြီး ကျောင်းများ၊ တက္ကသိုလ်များအပါအဝင်အများပြည်သူဆိုင်ရာ နေရာများကို ပိတ်၍ လူစုလူဝေးပြုလုပ်ခြင်းကို တားမြစ်ခဲ့သည်။

မတ်လတွင် ကိုဗစ်ကာကွယ်ဆေးထိုးခြင်း အစီအစဉ် စတင်ခဲ့သော်လည်း အကောင်ထည် ဖော်မှု နှေးကွေးနေခြင်းကြောင့် ယခုအခါ နောက်ကျကျန်နေခြင်းဖြစ်သည်။

လူဦးရေစုစုပေါင်း၏ ၃ ဒသမ ၃၆ ရာခိုင်နှုန်းသာ ပထမအကြိမ်ကာကွယ်ဆေး ထိုးရသေးသည်။

တရုတ်က ပြည်တွင်းတွင် ထုတ်လုပ်သည့် ကာကွယ်ဆေးပေးမည်ဟု ထိုင်ဝမ်ကို ကမ်းလှမ်း ဖိတ်ကြားခဲ့သော်လည်း အနှောင်အဖွဲ့မကင်းသည့် သြဇာလွှမ်းမိုးမှုပါလာနိုင်သောကြောင့် ထိုင်ဝမ်သမ္မတ စိုင်အင်းဝမ်က ကမ်းလှမ်းမှုအား ငြင်းဆိုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly