ဆိုးလ်၊ ဒီဇင်ဘာ ၅ ။ ။ တောင်ကိုရီးယားတွင် အစိုးရ၏ များမြောက်လွန်းသော မူဝါဒများချမှတ်ခြင်းသည် ဒီမိုကရေစီကို အားနည်းစေသည်ဆိုကာ ဆိုးလ်မြို့တော်အတွင်း လူထောင်ပေါင်းများစွာ စုရုံးဆန္ဒပြကြသည်။
ဆိုးလ်မြို့တော်အတွင်း ရဲတပ်အင်အား ၁၈၀၀၀ နီးပါးကို ဖြန့်ကြက်ချထားသည်။
ပြီးခဲ့သည့်လအတွင်းဖြစ်ပွားသည့် ပထမအကြိမ်ဆန္ဒပြပွဲက ရဲနှင့် ထိပ်တိုက်အဓိကရုန်းဖြစ်ကာ အဆုံးသတ်သွားသည်။ သမ္မတနန်းတော်သို့ ချီတက်သည့် စီတန်းလှည့်လည်သည့် ၎င်းဆန္ဒပြသူများအား ရဲက ရေအမြောက်များသုံး ဖြိုခွင်းခဲ့သည်။
ဆန္ဒပြသူများက အလုပ်သမားဥပဒေပြောင်းလဲခြင်းနှင့် ကျောင်းသုံး သမိုင်းပြဌာန်းစာကို ထိန်းချုပ်လွန်းခြင်းအပါအဝင် အစိုးရ၏ လုပ်ဆောင်ချက်များကို ဆန့်ကျင်ကန့်ကွက်ကြသည်။
သမိုင်းကျောင်းစာ ပြဌာန်းချက်များက အတိတ်က တောင်ကိုရီးယားအာဏာရှင်များကို ဖုံးဖိပေးဖို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု လက်ဝဲယိမ်းဝေဖန်သူများက ပြောသည်။
ပထမဆန္ဒပြမှုတွင် လူပေါင်း ၆၀၀၀ နီးပါးရှိခဲ့ပြီး ဆန္ဒပြသူများနှင့် ရဲကြား အကြမ်းဖက်ထိတွေ့မှုများဖြစ်ပွားခဲ့သည်။