လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ဘာသာရေးလွတ်လပ်ခွင့် ကန့်သတ်ခြင်းတို့က ပါကစ္စတန်အား အကြမ်းဖက်ထောက်ပံ့သည့် နိုင်ငံအဖြစ် သတ်မှတ်နိုင်

By ANI
14 June 2021
လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ဘာသာရေးလွတ်လပ်ခွင့် ကန့်သတ်ခြင်းတို့က ပါကစ္စတန်အား အကြမ်းဖက်ထောက်ပံ့သည့် နိုင်ငံအဖြစ် သတ်မှတ်နိုင်

ပါကစ္စတန်အစိုးရ အဆက်ဆက်က သိသာသည့် လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ အတိုက်အခံများအား ဖိနှိပ်ခြင်း၊ ဘာသာရေး လွတ်လပ်ခွင့်များကို ကန့်သတ်ခဲ့ကြသောကြောင့် အကြမ်းဖက်လုပ်ငန်းအား ပံ့ပိုးသည့် နိုင်ငံအဖြစ် သတ်မှတ်နိုင်သည်။

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ရှာဟာမာမွတ်ကူရီရှီက CNN သတင်းဌာန၏ ဘီယန်နာဂိုလိုဒရီဂါအား အစ္စရေး-ပါလက်စတိုင်းပြဿနာနှင့် ပတ်သက်၍ ပြောဆိုရာတွင် ဂျူးနှင့် အာရပ်တို့အား ပြစ်တင်သည့် မှတ်ချက်များပေးခဲ့သည့်အပြင် အချို့အုပ်စုများက မီဒီယာကို အိတ်ကတ်ထဲထည့်၍ ထိန်းချုပ်နေကြကြောင်း ပြောကြားခဲ့သည့်အခါ ဂလိုဒရီဂါက အဆိုပါ ပြောဆိုချက်နှင့် ပတ်သက်၍ ရှင်းလင်းရန် ပြန်လည်မေးခွန်းထုတ်ခဲ့သည်။

ဝန်ကြီးချုပ် အီမရန်ခန်း၏ ပါကစ္စတန်အစိုးရသည် ယခင်ကလည်း ဂျူးနှင့် အာရပ် ဆန့်ကျင်ရေး မှတ်ချက်များကို အကြိမ်များစွာ ပြုလုပ်ခဲ့သည်။ သူ၏ အစိုးရမှ ပါလီမန်အမတ်များက အစ္စရေးအား ဂျီဟတ်စစ်ပွဲ ဆင်နွှဲရန် တောင်းဆိုခဲ့သလို ဝန်ကြီးချုပ်ကိုယ်တိုင်လည်း အစ္စလာမ်များအား မုန်းတီးနေခြင်းနှင့် Holocaust ဖြစ်စဉ်တို့ကို တန်းတူသတ်မှတ် သတ်မှတ်ထားသည်။ ပါကစ္စတန် နိုင်ငံရေးသမားများအနေဖြင့် ဂျူးနှင့် အာရပ်ဆန့်ကျင်သည့် သမိုင်းကြောင်းများလည်း ရှိကြောင်း The Hill သတင်းတွင် ဖော်ပြထားသည်။

အာဖဂန်နစ္စတန်၌ အကြမ်းဖက်သမားများအား နှိမ်နှင်းရာတွင် အမေရိကန်၏ မိတ်ဖက်ဖြစ်သော်လည်း ဝါရှင်တန်မှ လူအများအပြားက ပါကစ္စတန်သည် မိတ်ဆွေစစ်ထက် ဆန့်ကျင်ဖက်သဘောထားရှိသည့် နိုင်ငံအဖြစ် သတ်မှတ်ထားသည်။

အာဖဂန်တွင် အမေရိကန် မအောင်မြင်ရခြင်းမှာ ပါကစ္စတန်၏ မီးစတစ်ဖက် ရေမှုတ်တစ်ဖက်မူဝါဒဖြင့် အမေရိကန်အား သယ်ယူပို့ဆောင်ရေး၌ ကူညီနေသလို တာလီဘန်နှင့် ဟက်ကာနီကွန်ရက်တို့ကိုလည်း ပံ့ပိုးနေကြောင်း စစ်ရေးဆိုင်ရာ ကျွမ်းကျင်သူများက ပြောကြားသည်။

လွန်ခဲ့သော နှစ် ၂၀အတွင်း အမေရိကန်သည် အခြားနည်းလမ်းကို ရှာဖွေကာ တပ်များရုပ်သိမ်းမည့် အစိအစဉ်ရှိသောကြောင့် ပါကစ္စတန်၏ အမူအကျင့်ကို သည်းခဲ့သည်။ ဘိုင်ဒင်အစိုးရသည် ပါကစ္စတန်က အကြမ်းဖက်လုပ်ငန်းစဉ်များကို ငွေကြေးထောက်ပံ့နေခြင်းများကို ထိန်းချုပ်ရန် တင်းကြပ်စွာ ဆောင်ရွက်ခဲ့သည်ဟု ရာမက်ရှိက ရေးသားထားသည်။

အာဖဂန်ရှိ အမေရိကန်တပ်ဖွဲ့များကို ရုပ်သိမ်းရန် ဘိုင်ဒင်အစိုးရက စက်တင်ဘာ ၁၁ နောက်ဆုံး ရက်သတ်မှတ်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required