ဒီးမော့ဆိုတိုက်ပွဲတွင်ကျဆုံးသွားသည့်  ကရင်နီတပ်မတော်( KNPP) ဒုဗိုလ်ရှေးရယ် ကိုအခမ်းအနားဖြင့် သဂြိုလ် 

ဒီးမော့ဆိုတိုက်ပွဲတွင်ကျဆုံးသွားသည့်  ကရင်နီတပ်မတော်( KNPP) ဒုဗိုလ်ရှေးရယ် ကိုအခမ်းအနားဖြင့် သဂြိုလ် 
Photo - KnIC

ဇွန် ၁၄

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ဇွန်လ ၁၁ရက်နေ့က အကြမ်းဖက်စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။ 

အဆိုပါတိုက်ပွဲအတွင်းမှာ  ကရင်နီတပ်မတော် KNPP ဒု-ဗိုလ်ရှေးရယ်(ခ)ရှေးဖဲ ကပြည်သူများကိုဘေးလွတ်ကင်းရာသို့ ကယ်ထုတ်ရင်းတိုက်ပွဲကြားမှာ ကျဆုံးသွားခဲ့ကြောင်းသိရပါတယ်။ 

Photo - KnIC

ကရင်နီပြည်တပ်မတော် KNPP ၏ ဒု- ဗိုလ်ရှေးရယ်(ခ)ရှေးဖဲရုပ်အလောင်းကို ကရင်နီတပ်မတော်ထိန်းချုပ်ရာနယ်မြေဖြစ်တဲ့ တာလဲဒူဆို (ခေါ်) ညာမို သို့သယ်ယူပို့ဆောင်ခဲ့ပါတယ်။

ဇွန်လ  ၁၄ ရက်နေ့  နံနက်ပိုင်းအချိန်က အာဇာနည်ကျောက်တိုင်မှာ စစ်အခမ်းအနားနှင့်တကွ မြေမြုပ်သဂြိုလ်ခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly