စစ်ပွဲများဖြစ်ပွားခြင်းထက် မိသားစုပုံစံ အဖြေရှာရန်မျှော်လင့်

စစ်ပွဲများဖြစ်ပွားခြင်းထက် မိသားစုပုံစံ အဖြေရှာရန်မျှော်လင့်

ရန်ကုန်၊ဒီဇင်ဘာ ၄ ။            ။ လက်ရှိဖြစ်ပွားနေသော စစ်ပွဲများနှင့် ပတ်သက်၍ အမုန်းတရားဖြင့် တိုက်ခိုက်ခြင်းများရပ်တန့်ကာ မိသားစုပုံစံဖြင့် စဉ်းစားဆွေးနွေး အဖြေရှာရန်မျှော်လင့်ကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်  ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားလိုက်သည်။

ဒီဇင်ဘာလ ၄ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ ကရဝိတ်ဥယျဉ်၌ ယုံကြည်သောအနာဂတ် ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် ပြုလုပ်သည့် စစ်ပွဲများ ရပ်တန့်ရေးလှုပ်ရှားမှုတွင် ယခုကဲ့သို့   ပြောကြားခဲ့ခြင်းဖြစ်သည်။

"လူလူချင်းအမုန်းတရားနဲ့တိုက်ခိုက်တာတွေရပ်ပြီး ဘာမဆို မိသားစုပုံစံနဲ့ စဉ်းစားအဖြေရှာတဲ့ နည်းနဲ့ ဖြေရှင်းကြဖို့ မျှော်လင့်ပါတယ်"ဟု ကိုမင်းကိုနိုင်ကပြောသည်။

ယင်းလှုပ်ရှားမှုကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ပန်းပျိုးလက်၊သုခရိပ်မြုံ၊တကသ၊AAPP၊၈၈ အကသ၊မြန်မာ့လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်၊ ရန်ကုန် လူငယ်ကွန်ရက်၊ပန်းစကား၊ကဗျာ သီချင်း ကာတွန်း အစရှိသည့်အဖွဲ့အစည်းများ ပူးပေါင်းလုပ်ဆောင်လုပ်ကြခြင်း ဖြစ်သည်။

"ကျွန်တော့သဘောကတော့ဗျာ အေးအေးဆေးဆေး ပြောလို့ရတာကို ထိုင်ပြီးတော့ ပြောကြပေါ့ဗျာ. အလကားနေ လူကြီးတွေ မလိမ္မာလို့ ကြားထဲကလေးတွေ ခံနေရတာလေ" ဟု တေးရေး ကိုအရိုးကပြောသည်။

အခမ်းအနားကို ညနေ ၄ နာရီမှ ည၉နာရီအထိ နိုင်ငံကျော်တေးသံရှင်များက လာရောက်ဖျော်ဖြေပေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly