ချင်းပြည်နယ် ဟားခါးမြို့မှာ ဗုံးပေါက်ကွဲလို့ လူငယ် ၃ ဦးသေဆုံး

ချင်းပြည်နယ် ဟားခါးမြို့မှာ ဗုံးပေါက်ကွဲလို့ လူငယ် ၃ ဦးသေဆုံး

ဇွန် ၆

ချင်းပြည်နယ် ဟားခါးမြို့မှာ ဇွန်လ ၅ ရက်နေ့ ညနေပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးရှေ့မှာ တစ်ကြိမ်နဲ့ မြို့သစ်ရပ်ကွက် လူနေအိမ်အနီးမှာ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ခဲ့လို့ လူငယ် သုံးဦး သေဆုံးသွားတယ်လို့ ဟားခါးမြို့ခံတွေဆီက သိရပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားတဲ့ လူငယ်သုံးဦးမှာ ဆလိုင်း Lai Kulh Thang၊ ဆလိုင်း Phun Sangနဲ့ ဆလိုင်းTial Chawn တို့ ဖြစ်ကြပါတယ်။

ဗုံးပေါက်ကွဲမှုအပြီး မြို့သစ်ရပ်ကွက်ထဲကို အာဏာသိမ်းစစ်ကောင်စီတပ်တွေ ရောက်လာပြီး စစ်ဆေးတာ တွေလုပ်ကာ သေဆုံးသွားတဲ့ လူငယ်တွေရဲ့ မိသားစုတွေအပါအဝင် ရပ်ကွက်နေပြည်သူ လေးဆယ်လောက် ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly