ဟောင်ကောင် ရဲများက တားမြစ်သော်လည်း တီယန်မင်နှစ်ပတ်လည်အထိမ်းအမှတ်ကျင်းပရန် ပြည်သူများ ဆုံးဖြတ်ထား

By ANI
06 June 2021
ဟောင်ကောင် ရဲများက တားမြစ်သော်လည်း တီယန်မင်နှစ်ပတ်လည်အထိမ်းအမှတ်ကျင်းပရန် ပြည်သူများ ဆုံးဖြတ်ထား
Photo: EPA

ကိုဗစ်ကပ်ရောဂါကြောင့် အများပြည်သူကျန်းမာရေးထိခိုက်နိုင်သည်ဆိုသည့် အကြောင်းပြချက်ဖြင့် ဇွန်လ ၄ ရက်တွင် ကျရောက်သည့် တီယန်မင်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်လှုပ်ရှားမှုကို ဟောင်ကောင် ရဲတပ်ဖွဲ့က ဒုတိယနှစ်ဆက်တိုက် တားမြစ်ခဲ့သည်။ သို့သော် လူအများအပြားက တစ်နည်းနည်းဖြင့် ယင်းအထိမ်းအမှတ်ကို ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

၁၉၈၉ခုနှစ်၊ ဇွန်လ ၄ ရက်တွင် ပေကျင်းမြို့တွင် ဒီမိုကရေစီလိုလားသည့် ဆန္ဒပြသူများကို တရုတ်စစ်သားများက နှိမ်နင်းရာ လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့သည့် အထိမ်းအမှတ်အနေဖြင့် နှစ်စဉ်အထိမ်းအမှတ်ပွဲ ပြုလုပ်ခြင်းဖြစ်သည်။

ခွဲထွက်ခြင်း၊ နုတ်ထွက်ခြင်း၊ အကြမ်းဖက်မှုနှင့် နိုင်ငံခြားတပ်ဖွဲ့များနှင့် ပူးပေါင်းကြံစည်းခြင်းတို့ကို တားမြစ်သည့် ဆိုးရွားသော အမျိုးသားလုံခြုံရေးဥပဒေကို ၂၀၂၀ပြည့်နှစ်က ပြဌာန်းထားသဖြင့် ပွဲစီစဉ်သူများနှင့် တက်ရောက်သူများအား ဥပဒေချိုးဖောက်မှုဖြင့် ဖမ်းဆီးခံမည်ကို စိုးရိမ်နေကြောင်း South China Morning Post မှ သတင်းဖော်ပြခဲ့သည်။

၁၉၈၉ ခုနှစ် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုကို အထိမ်းအမှတ်နေ့ကျင်းပရန် ဇွန်လ ၄ ရက်တွင် ဗစ်တိုးရီးယားပန်းခြံသို့ ထပ်မံသွားရောက်ရန် ဆုံးဖြတ်ထားသော ဟောင်ကောင်ပြည်သူများစွာရှိနေသလို အချို့ကမူ ဝေးဝေးနေ၍ မြို့တွင်းရှိ နေရာတစ်ခုခု သို့မဟုတ် အိမ်တွင်ပင် ဖယောင်းတိုင်များ ထွန်းညှိမည်ဟု ဆိုကြသည်။

တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံ၏ မျိုးချစ်စိတ်ဓာတ် ဒီမိုကရက်တစ်လှုပ်ရှားမှုများကို ထောက်ပံ့သည့် ဟောင်ကောင်မဟာမိတ်အဖွဲ့မှ ယင်းပွဲကျင်းပမည့် စည်းရုံးရေးမှုး၏ ကံကြမ္မာသည် ယခုအချိန်ထိ ပြောရခက်နေပြီး ဝေဖန်သူများကမူ ယင်းအထိမ်းအမှတ်ပွဲကျင်းပမည့် ရည်ရွယ်ချက်များကပင် ဥပဒေနှင့် ဆန့်ကျင်ကြောင်း ဆိုကြသည်။

၁၉၈၉ ခုနှစ်၊ မေလတွင် တည်ထောင်ခဲ့သော ယင်းမဟာမိတ်အဖွဲ့တွင် လူထုအခြေပြုအဖွဲ့ ၂၀ဝ ဖြင့်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ရည်မှန်းချက်ငါးရပ်ကို အမြဲထောက်ခံခဲ့သည်။ ယင်းတို့မှာ ပြည်မကြီးမှ အတိုက်အခံများကို လွှတ်ပေးရေး၊ ၁၉၈၉ ဒီမိုကရေစီလှုပ်ရှားမှုကို သက်သေထူရေး၊ ဖြိုခွဲမှုအတွက် တာဝန်ယူရေး၊ တရုတ်တွင် တစ်ပါတီအာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးတို့ဖြစ်သည်။

ယင်းရည်မှန်းချက်များကြောင့် မဟာမိတ်များသည် အမျိုးသားလုံခြုံရေးဥပဒေကို ချိုးဖောက်သလိုမျိုး ဖြစ်လိမ့်မည်ကို စိုးရိမ်ပူပန်မှုကြောင်း SCMP က ဆိုသည်။

၂၀၂၀ပြည့်နှစ်ကလည်း တားမြစ်ထားသော်လည်း မဟာမိတ်ခေါင်းဆောင်များအပါအဝင် ထောင်ပေါင်းများစွာသော လူများသည် တီအန်မင်ဖြိုခွဲမှု ၃၁ နှစ်မြောက်နှစ်ပတ်လည်နေ့ကို ဗစ်တိုးရီးယားပန်းခြံတွင် စုဝေးကျင်းပခဲ့ကြသည်။

ခွင့်ပြုချက်မရဘဲ လူထုစုဝေးခြင်း၊ လှုံ့ဆော်ခြင်းများတွင် ပါဝင်ပတ်သက်သည့် အတိုက်အခံ ၂၆ ဦး တရားစွဲဆိုခံခဲ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required