ကျောက်ပန်းတောင်းမြို့မှာ ဗုံးသုံးလုံးပေါက်ကွဲ

ကျောက်ပန်းတောင်းမြို့မှာ ဗုံးသုံးလုံးပေါက်ကွဲ

မေ-၃၁

မန္တလေးတိုင်း၊ကျောက်ပန်းတောင်းမြို့နယ် EPCရုံးနဲ့ ဒလံလို့ နာမည်ထွက်နေတဲ့အိမ်မှာ မေ ၃၁ရက်၊ည ၇နာရီကျော်က ဗုံး သုံးလုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

"သာယာအေးရပ်ကွက်ထဲက ဒလံအိမ်ပေါက်တာပါ။EPCက မြို့နယ်ရုံးပါ။အထိအခိုက်တော့ ကျွန်တော်မသိသေးဘူး။"လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဆက်လက်ပြီးသူက"အဲဒီဒလံက CDMမှာပါတဲ့ ဝန်ထမ်းတွေကို ခြိမ်းခြောက်တာ မီးတာဇွတ်ဆောင်ခိုင်းတာတွေ လုပ်နေတဲ့သူပါ။"လို့ပြောပါတယ်။

လက်ရှိကျောက်ပန်းတောင်းမြို့ပေါ်မှာ အကြမ်းဖက် စစ်ကောင်စီလက်နက်ကိုင်အဖွဲ့က အရပ်ဝတ်တွေနဲ့ ပစ်ခတ်တာတွေလုပ်နေသလို ပေါက်ကွဲမှုဖြစ်တဲ့နေရာကိုလည်း စစ်ဆေးတာတွေ လုပ်နေတယ်လို့သိရပါတယ်။

မြို့ပတ်လမ်းမှာလည်း အော်ဟစ်ဆဲဆိုပြီး ပစ်ခတ်တာတွေလုပ်နေတယ်လို့သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly