ဆစ်ခ်များ၏ ဘေးကင်းလုံခြုံရေးကို ပါကစ္စတန်က အာမခံသင့်

By Zee News
31 May 2021
ဆစ်ခ်များ၏ ဘေးကင်းလုံခြုံရေးကို ပါကစ္စတန်က အာမခံသင့်

ပါကစ္စတန်ရှိ ဆစ်ခ်များအား ခြိမ်းခြောက်မှုများရှိနေသည်ဟူသော သတင်းများနှင့် ပတ်သက်၍ ပါကစ္စတန်အစိုးရသည် လူနည်းစုဆစ်ခ်များ၏ လုံခြုံရေးကို အာမခံသင့်ကြောင်း ဆစ်ခ်လူမျိုးတို့က ၎င်းတို့၏ ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်ထားသည့် လွှတ်တော်အငယ်စားတစ်ရပ်ဖြစ်သော Shiromani Gurdwara Parbandhak ကော်မတီ (SGPC) ၏ ဥက္ကဋ္ဌ ဘီဘီဂျာဂါခွာက မေလ ၂၈ရက်က ပြောကြားခဲ့သည်။

SGPC၏ ထုတ်ပြန်ချက်တွင် ပါကစ္စတန်မှ ဆစ်ခ်များကို တာလီဘန်များက ခြိမ်းခြောက်မှု များပြုလုပ်နေသည်ဟူသည့် သတင်းပေးပို့မှုများကို မေလ ၂၇ ရက်မှစတင်၍ ရရှိကြောင်း ဘီဘီဂျာဂါခွာက ပြောကြားခဲ့သည်။

“စိုးရိမ်ရမယ့်ကိစ္စဖြစ်တာကြောင့် ပါကစ္စတန်အစိုးရအနေနဲ့ အလေးအနက်ထားဖို့လိုပါတယ်။ ပါကစ္စတန်ရှိ ဆစ်ခ်အသိုင်းအဝိုင်းရဲ့ လုံခြုံရေးက အစိုးရရဲ့ တာဝန်ဖြစ်ပါတယ်။ ခြိမ်းခြောက်မှုတွေကို ထိထိရောက်ရောက် အရေးယူသင့်ပါတယ်။ အစိုးရက ဆစ်ခ်တွေကို ပါကစ္စတန်မှာ လုံခြံမှုရှိပါတယ်ဆိုတာကို အာမခံဖို့လိုပါတယ်” ဟု ဘီဘီဂျာဂါခွာက ပြောကြားခဲ့သည်။

လုံခြုံရေးအစီအမံများပြုလုပ်ရန်အတွက် ပါကစ္စတန်မှ ဆစ်ခ်များအား ၎င်းတို့နေထိုင်ရာနေရာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်နှင့် အခြားသတင်းအချက် အလက်များကို ဒေသခံရဲများအားပေးရန် အကြောင်းကြားလာသည့်အတွက် ၎င်းတို့မှာ စိုးရိမ်ထိတ်လန့်နေကြသည်ဟု အစောပိုင်းတွင် သတင်းများ ထွက်ပေါ်ခဲ့သည်။

လာဟိုးရှိ ဆစ်ခ်များနှင့် ဆစ်ခ်၏ ပထမဦးဆုံးဘာသာရေးခေါင်းဆောင် ဂုရုနာနတ်၏ မွေးရပ်မြေ နန်ကာနာဆာဟစ်ဘ်မှ ဆစ်ခ်များအား ပါကစ္စတန်၏ ရွေ့ပြောင်း အခြေချသူများ အိမ်ခြံမြေဘုတ်အဖွဲ့(ETPB)သို့ အထောက်အထားများကို တင်ပြရန် ထွက်ပေါ်လာသည့် အသံဖိုင်တစ်ခုတွင် တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly