ပစ်မှတ်တစ်ချက်စီတိုင်း သွေးကြွေးဆပ်ဖို့ စစ်သင်တန်းတက်ရောက်နေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကြုံးဝါး

ပစ်မှတ်တစ်ချက်စီတိုင်း သွေးကြွေးဆပ်ဖို့ စစ်သင်တန်းတက်ရောက်နေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကြုံးဝါး

မေ ၃၀

စစ်ကောင်စီကို အမြစ်ဖြတ်တိုက်ခိုက်ဖို့ မြန်မာ-ထိုင်းနယ်စပ်အနီးတစ်နေရာမှာ စစ်သင်တန်းတက်ရောက်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးကွန်ရက်အဖွဲ့က “ ပစ်မှတ်တစ်ချက်စီတိုင်းအတွက် သွေးကြွေးဆပ်မယ့် ပစ်မှတ်တွေသာ ဖြစ်ရမယ်” လို့ ကြုံးဝါးရင်း မေ ၃၀ ရက်နံနက်ပိုင်းက သေနတ်ပစ်ခတ်စဉ် သင်တန်းကို တက်ရောက်နေကြတယ်လို့ သူတို့ ကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။

“တစ်နိုင်ငံလုံး တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို အောက်တန်းကျ ရက်စက်၊ အပြစ်မရှိ အပြစ်ရှာသတ်ဖြတ်၊ ညှင်းပန်းနှိပ်စက် လူမဆန်တဲ့ စစ်ခွေတွေအတွက် မင်းတို့ အခုချိန်နေတဲ့ ပစ်မှတ်တွေဟာ တစ်ချက်ချင်းစီတိုင်း မင်းတို့ ငါတို့ရဲ့ သွေးကြွေးဆပ်မယ့် ပစ်မှတ်တွေဖြစ်နေစေရမယ်” လို့ ဆိုပါတယ်။

အဲဒီ သင်တန်းမှာ တက်ရောက်နေသူများအနေနဲ့ ပစ်မှတ်တည့်တည့် ငါးလက်မ ပတ်လည်ကို ပစ်ချက်အတိုင်းထိအောင်လေ့ကျင့်ရမယ့် အပြင် ပစ်မှတ်ကို တစ်ချက်မထိလျှင် ဒိုက်ဆယ်ခါထိုးရမှာဖြစ်ပြီး၊ ဆယ်ချက်မထိလျှင် ဒိုက်အခါတစ်ရာထိုးရမယ်လို့လည်း ရေးသားဖော်ပြထားတာတွေ့ရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly