အာဏာသိမ်းစစ်ကောင်စီက အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို သတ်ဖြတ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်နေတာတွေအတွက် သက်သေအထောက်အထားတွေ စုဆောင်းနေပြီး နိုင်ငံတကာက ထိထိရောက်ရောက်အရေးယူနိုင်အောင် လုပ်ဆောင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့် အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
ကလေးငယ်တွေအပေါ် ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်ကောင်စီကို နိုင်ငံတကာက ဘယ်လိုအရေးယူနိုင်မလဲ၊ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ လက်ရှိလုပ်ဆောင်မှု၊ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားပါတယ်။