မေ ၂၈
အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်များနဲ့ ရိက္ခာများသယ်ဆောင်လာတဲ့ သင်္ဘောတစ်စီးက ယခုညနေပိုင်းအချိန်လောက်မှာ ရွှေကူမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကြောင်းပေါ်က ဒုတိယမြစ်ကျဉ်းနေရာမှာ ကေအိုင်အေတပ်ဖွဲ့ဝင်များရဲ့ ပစ်ခတ်တိုက်ခိုက်မှုကို ထပ်မံခံလိုက်ရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ဒီလိုပစ်ခတ်တိုက်ခိုက်ခံလိုက်ရတာကြောင် ထိ ခိုက်ဒဏ်ရာရသူများကို ဗန်းမော်မြို့နယ်အဝင်က စင်းခန်းကျေးရွာမှာ လူနာချထားနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီကလည်း ဒီကနေ့မှာ ဗန်းမော်မြို့ကို ရေကြောင်းကနေ တပ်ဖွဲ့အင်အားများ အလုံးအရင်းနဲ့ဖြည့်တင်နေတာဘဲ ဖြစ်ပါတယ်။
ယခုမေလအတွင်းမှာတော့ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်အင်အားနဲ့ ရိက္ခာများသယ် ဆောင်လာတဲ့ သင်္ဘောများကို ကေအိုင်အေ တပ်ဖွဲ့ဝင်များက မကြာခဏဆိုသလို ပစ်ခတ်နေတာဘဲ ဖြစ်ပါတယ်။