ကိုဗစ်-၁၉ ကူးစက်မှုမြင့်မားလာခြင်းကြောင့် ပါကစ္စတန်နိုင်ငံ ဆင်းဒ်ခရိုင် ၁၂ ခုတွင် ဇွန် ၆ ရက်အထိ ကျောင်းများ ပိတ်ထားမည်

ကိုဗစ်-၁၉ ကူးစက်မှုမြင့်မားလာခြင်းကြောင့် ပါကစ္စတန်နိုင်ငံ ဆင်းဒ်ခရိုင် ၁၂ ခုတွင် ဇွန် ၆ ရက်အထိ ကျောင်းများ ပိတ်ထားမည်

ပါကစ္စတန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအချိုးသည် ၅ ရာခိုင်နှုန်းအထက် မြင့်မားလာခြင်းကြောင့် ဆင်းဒ်ခရိုင် ၁၂ ခုရှိ ပညာရေးဆိုင်ရာ အဖွဲ့အစည်းများသည် ဇွန် ၆ ရက်အထိ ပိတ်ထားမည်ဖြစ်သည်။

မေလ ၂၁ရက်တွင် ဖက်ဒရယ်ပညာရေးဝန်ကြီးဌာနက ပါကစ္စတန်နိုင်ငံရှိ ခရိုင် ၅၂ ခုတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအချိုးသည် ၅ ရာခိုင်နှုန်းထက် မြင့်မားကြောင်း ပြောကြားခဲ့သည်ဟု Geo News က သတင်းဖော်ပြခဲ့သည်။

ထုတ်ပြန်ချက်တစ်ခုတွင် ဝန်ကြီးဌာနက ဘာဒံ၊ ဒါဒူ၊ ဟိုက်ဒရာဘက်၊ ဂျမ်ရှိုရို၊ ဆက်ကာနှင့် ကရာချိမြို့ရှိ ခရိုင်များအားလုံးပါဝင်သည်ဟု ဆိုသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအချိုးသည် ၅ ရာခိုင်နှုန်း အောက်သာရှိသည့် ခရိုင်များတွင် ကျောင်းများကို မေလ ၂၄ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။

ဘလူချီစတန်ပြည်နယ်ရှိ ကွတာမြို့တွင်မူ ကျောင်းများကို ဇွန်လ ၆ ရက်အထိ ပိတ်ထားသည်။

ထို့အပြင် ပန်ဂျက်အတော့ခ်၊ ဘဟာလယ်ပါ၊ ဘတ်ခါ၊ ဒီရာဂါဇီခန်၊ လာဟိုးနှင့် အခြား ၁၅ မြို့တွင်လည်း ကျောင်းများကို ဇွန် ၆ ရက်အထိ ပိတ်ထားမည်ဖြစ်ကြောင်း Geo News မှ ဖော်ပြခဲ့သည်။

ခိုင်ဘာပါ့တွန်ခါဝါပြည်နယ်ရှိ ခရိုင် ၁၄ ခု တွင်လည်း COVID-19 ရောဂါ ကူးစက်မှုမြင့်မားနေသည်။

အစ္စလာမ္မာဘတ်မြို့ရှိ ကျောင်းအားလုံးကိုလည်း ဆက်လက်ပိတ်ထားဆဲဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးဌာနမှ ပြောကြားခဲ့သည်။

ဝန်ကြီးဌာနက အခြေအနေတိုးတက်မှုပေါ်မူတည်ပြီး ကျောင်းများကို မေလ ၂၄ ရက်မှ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly