အာဏာသိမ်းမှုကို ဆန့်ကျင်မှုကြောင့် ရာထူးဆိုင်းငံ့ခံရသည့် ဆရာ၊ ဆရာမပေါင်း ၁၂၅,၀၀၀ ကျော် ရှိ

အာဏာသိမ်းမှုကို ဆန့်ကျင်မှုကြောင့် ရာထူးဆိုင်းငံ့ခံရသည့် ဆရာ၊ ဆရာမပေါင်း ၁၂၅,၀၀၀ ကျော် ရှိ

မေ ၂၃

ဖေဖေါ်ဝါရီလ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါ၀င်မှုအတွက် နိုင်ငံတွင် ကျောင်းဆရာ၊ ဆရာမပေါင်း ၁၂၅,၀၀၀ ကျော်ကို အာဏာသိမ်းစစ်ကောင်စီက ရာထူးတာ၀န်ကနေ ယာယီရပ်ဆိုင်းထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်မှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

နိုင်ငံတွင် ကျောင်းစာသင်နှစ်သစ် တစ်နှစ် မစတင်ခင် ထိုကဲ့သို့ ဆရာ၊ ဆရာမများ ရာထူး ဆိုင်းငံ့ခံရမှုများ  ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ အာဏာသိမ်းကောင်စီဘက်က အခြေခံပညာကျောင်းများ ပြန်ဖွင့်ရန် လုပ်ဆောင်နေမှုအပေါ်တွင်လည်း ဆရာ၊ ဆရာမတစ်ချို့နှင့် မိဘများက ဆန့်ကျင်သပိတ်မှောက်လျက် ရှိသည်။

မေလ ၂၂ ရက်အထိ နိုင်ငံတွင် ယာယီတာ၀န်ရပ်ဆိုင်းခံထားရသည့် ဆရာ၊ ဆရာမ ဦးရေစုစုပေါင်း ၁၂၅,၉၀၀ ရှိနေကြောင်း ဆရာ၊ ဆရာမများ အဖွဲ့ချုပ်၏ အမည်မဖော်လိုသည့် အရာရှိတစ်ဦးက ပြောသည်။ ၎င်းသည်လည်း အာဏာသိမ်းမှုကို ဆန့်ကျင်လျက် လှုံ့ဆော်မှုများ လုပ်ဆောင်သည်ဆိုသည့် စွဲချက်များဖြင့် စစ်ကောင်စီ၏ အလိုရှိသူများစာရင်းတွင် ပါ၀င်နေသူတစ်ဦး ဖြစ်သည်။

ပြီးခဲ့သည့်နှစ်နှစ်အကြာက ကောက်ယူထားခဲ့သည့် ဒေတာအချက်အလက်များအရ မြန်မာနိုင်ငံတွင် ကျောင်းဆရာ၊ ဆရာမပေါင်း ၄၃၀,၀၀၀ ခန့် ရှိသည်ဟု သိရသည်။

“ဒါတွေက လူတွေကို အလုပ်ပြန်တက်ဖို့ ခြိမ်းခြောက်တဲ့ ထုတ်ပြန်ချက်တွေပါပဲ၊ ဒီလောက် များတဲ့လူတွေကိုသာ သူတို့ တကယ်တမ်း အလုပ်ထုတ်ပစ်မယ်ဆိုရင် စနစ်တစ်ခုလုံး ရပ်သွားပါလိမ့်မယ်” ဟု ဆရာတစ်ဦးဖြစ်သည့် အဆိုပါ တာ၀န်ရှိသူက ပြောသည်။ ၎င်းကိုလည်း အလုပ်ပြန်တက်မည်ဆိုပါက ၎င်းရင်ဆိုင်နေရသည့် စွဲချက်များ ပြန်ရုပ်သိမ်းပေးမည်ဟု ကမ်းလှမ်းခံထားရကြောင်း ၎င်းက ပြောသည်။

အရှေ့တောင်အာရှ မြန်မာနိုင်ငံတွင် ရွေးကောက်ခံခေါင်း‌ဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း အစိုးရလုပ်ငန်းများ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများနှင့် ကျန်းမာရေး ကဏ္ဍတို့တွင် အလျင်ပြတ်တောက်မှုများ ဖြစ်ပေါ်ထားသလို စာသင်ကျောင်းများတွင်လည်း အလျင်ပြတ်တောက်မှုများ ဖြစ်ပေါ်နေသည်။

တက္ကသိုလ် အမှုထမ်း ၁၉,၅၀၀ ခန့်သည်လည်း ရာထူးကနေ ယာယီဆိုင်းငံ့ခံထားရကြောင်း ဆရာ၊ ဆရာမများ အဖွဲ့ချုပ်ထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required