YRTA အား YRTC အဖြစ် စစ်ကောင်စီက ပြောင်းလဲ ဖွဲ့စည်း

YRTA အား YRTC အဖြစ် စစ်ကောင်စီက ပြောင်းလဲ ဖွဲ့စည်း

မေ ၂၀

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းဦးဆောင်ဖွဲ့စည်းခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမူအာဏာပိုင်အဖွဲ့(YRTA) ကို ရန်ကုန်တိုင်းဒေသကြီးမြို့ပြသယ်ယူပို့ဆောင်ရေးကြီးကြပ်မူကော်မတီ(YRTC)အဖြစ် အကြမ်းဖက် စစ်ကောင်စီက ဒီကနေ့ မေလ ၂၀ ရက်က ပြောင်းလဲဖွဲ့စည်းလိုက်ပါတယ်။

ဧပြီလ ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မူကော်မတီ(YPTC)အဖြစ် ပြောင်းလဲခဲ့ပြီး စစ်ကောင်စီဘက်က ဒုတိယအကြိမ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးမြို့ပြသယ်ယူပို့ဆောင်ရေးကြီးကြပ်မူကော်မတီ(YRTC)အဖြစ် ဒီကနေ့မှာ ထပ်မံ ဖွဲ့စည်းလိုက်တာလို့ ယာဉ်လိုင်းပိုင်ရှင် ကိုတရုတ်လေးက ပြောပါတယ်။

“ ဖွဲ့စည်းပုံပြောင်းသွားတယ်၊ ကော်မတီဝင်တွေ လည်းပြောင်းသွားတယ်၊ ကျန်တာတွေတော့ အခုချိန်ထိ ထူးထူးခြားခြားပြောင်းလဲတာ မရှိသေးပါဘူး” လို့ ကိုတရုတ်လေးကပြောပါတယ်။

YRTAရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာမောင်အောင်နှင့် တွဲဖက်အတွင်းရေးမှူးဦးလှအောင်တို့က အသစ်ဖွဲ့စည်းလိုက်တဲ့ YRTC ရဲ့ ကြီးကြပ်ရေးအဖွဲ့ထဲမှာ အကြံပေးပညာရှင်အဖြစ် ပါသွားတယ်လို့ သိရပါတယ်။

“ကျွန်တော်ကတော့ YRTA မှာမလုပ်တော့ဘူး၊ ကျွန်တော်ဘာမှလည်း မပြောချင်ပါဘူး” လို့ YRTAရဲ့ အတွင်းရေးမှူးဖြစ်ခဲ့တဲ့ ဦးလှအောင်က ပြောပါတယ်။ 

ပြောင်းလည်းဖွဲ့စည်းလိုက်တဲ့ YRTC မှာ စစ်ကောင်စီရဲ့ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ဥက္ကဌနေရာယူထားပြီး ဒုဥက္ကဌက ကညနက ညွှန်မှူး(ငြိမ်း) ဦးချစ်ကိုကိုနဲ့ YRTA စည်းကမ်းထိန်းသိမ်းရေးဌာနက ဗိုလ်မှူးကြီးအောင်ဝင်းက အတွင်းရေးမှူးဖြစ်လာကာ တွဲဖက်အတွင်းရေးမှူးက ကညန တိုင်းဦးစီး ဦးလျန်ကျင့်မန်တို့ ပါဝင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required