ကယ်တင်ခဲ့သူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအား လွဲပြောင်းလက်ခံမှု ပြီးစီး

ကယ်တင်ခဲ့သူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအား လွဲပြောင်းလက်ခံမှု ပြီးစီး

ဒီဇင်ဘာ ၂ ရက် ။             ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား စိစစ်အောင်မြင်သူ နောက်ဆုံးလက်ကျန် ၄၈ ဦးအား ဒီဇင်ဘာ ၂ ရက်နေ့က ပြန်လည် လက်ခံပြီးနောက် မြန်မာနိုင်ငံမှ လွဲပြောင်းရယူရေး အစီအစဉ် ပြီးဆုံးသွားပြီဖြစ်သည်။

၂၀၁၅ ခု မေနှင့် ဇွန်လများအတွင်း ဘင်္ဂလားပင်လယ်အော်နှင့် အန်ဒမန်ပင်လယ်အတွင်းမှ မြန်မာဘက်က ကယ်ဆယ်ခဲ့သူ ၎င်း၏ နိုင်ငံသားများအား ပြန်လည်လက်ခံရာတွင် ၆ လတာခန့် ကြာမြင့်ခဲ့သည်ဟု ရန်ကုန် အခြေစိုက် ဘင်္ဂလားဒေ့ရှ်မှ ဒီဇင်ဘာ ၂ ရက်တွင် ထုတ်ပြန်သည်။

မေ ၂၁၊ ၂၉ နှင့် ဇွန် ၁၅ သုံးကြိမ် ကယ်တင်ခဲ့ရာမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအဖြစ် စုစုပေါင်း ၈၅၃ ဦး ရှိသော် လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဖြစ်ကြောင်း သက်သေခိုင်လုံသူ ၇၉၉ ဦးအား ၇ ကြိမ်ခွဲ၍ လက်ခံခဲ့သည်ဟု သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအဖြစ် အတည်ပြု၍မရခဲ့သူများဖြစ်သည့် ကုလဒုက္ခသည်လက်မှတ် ကိုင်ဆောင် ထားသူ ၈ ဦး၊ ကလေးနှင့် မိခင် ၁၁ ဦး အပါအဝင် ၅၃ ဦးမှာမူ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ခိုလှုံနေသည့် မြန်မာ နိုင်ငံသားများဖြစ်သည်ဟု သံရုံးထုတ်ပြန်ချက်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly