မေ ၁၉
လှိုင်မြို့နယ်ရှိ ကြက်ခြေနီလူနာတင်ယာဉ် အား ရပ်နားထားစဉ် မသမာသူများမှ ယနေ့ (မေလ ၁၉ ရက်) နံနက် ၇နာရီခွဲခန့် တွင် မီးပုလင်း ၊ ဆီပုံးများဖြင့် ပစ်ပေါက်၍ မီးရှို့ဖျက်ဆီးခဲ့သောကြောင့် အဆိုပါမြို့နယ်လူနာတင်ယာဉ်၀န်ဆောင်မှုအားယာယီရပ်နားမည်ဟုမြန်မာနိုင်ငံကြက်ခြေနီအသင်းချုပ်မှအရာရှိတစ်ဦးက၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားဖော်ပြထားချက်အရသိရသည်။
ဓာတ်ပုံ- လှိုင်မြို့နယ်ကြက်ခြေနီအသင်းခွဲ
လက်ရှိဖြစ်ပေါ်နေသောပဋိပက္ခအခြေအနေကာလအတွင်း ဒဏ်ရာရရှိသောလူနာများအားတင်ဆောင်သည့် ယင်းလူနာတင်ယာဉ် မှာဖျက်ဆီးခံရသောကြောင့် ကားလေကာမှန်ကွဲ၊ ကားဘောနက်လေကာ မီးလောင်ပျက်စီး ၊ ကားဘေးအနောက်ခြမ်း မီးလောင် ၊ ကားအနောက်ဘီး မီးလောင်ခံရမှုများဖြင့် ပျက်စီးဆုံးရှုံးခဲ့သည်ဟုသိရသည်။
ဓာတ်ပုံ- လှိုင်မြို့နယ်ကြက်ခြေနီအသင်းခွဲ
ယင်းဖြစ်စဉ်ကြောင့် လက်ရှိအချိန်တွင် လိုအပ်သည့်ကိစ္စများစီစဉ်ဆောင်ရွက်နိုင်ရန်အတွက် ခေတ္တခဏရပ်နားရမည်ဖြစ်သောကြောင့် အရေးပေါ်လူနာတင်ယာဥ်အကူအညီအားကာလတစ်ခုအလျောက်မပေးနိုင်ကြောင်းလှိုင်မြို့နယ်ကြက်ခြေနီအသင်းခွဲမှမေတ္တာရပ်ခံထားသည်။