ဆစ်ဒနီ၊ ဒီဇင်ဘာ ၂ ။ ။ နိုင်ငံ၏ မိုးလေဝသဌာနအား တရုတ်တို့က ဆိုက်ဘာတိုက်ခိုက်မှုကြီး တစ်ရပ်ပြုလုပ်ခဲ့သည်ဟု သြစတြေးလျ ရုပ်သံထုတ်လွှင့်မှု ကော်ပိုရေးရှင်း ABC က ထုတ်ဖော်ပြော ကြားလိုက်သည်။
အဆိုပါ သြစတြေးလျ မိုးလေဝသဌာနတွင် နိုင်ငံ၏ အဓိကကျသော ကွန်ပြူတာစနစ် တစ်ခု ရှိနေပြီး ယင်း ဆိုက်ဘာတိုက်ခိုက်မှုမှာ ယခင်ရက်အနည်းငယ်အတွင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အမည်မဖော်ပြနိုင်သော သတင်းရစ်မြစ်များကို ကိုးကား၍ ABC က ယခုတိုက်ခိုက်ခံရမှုနှင့် ပတ်သက်ကာ တရုတ်နိုင်ငံကို ပြစ်တင်လိုက်ခြင်းဖြစ်သည်။ ယခင်နှစ်များကလည်း အစိုးရ ကွန်ပြူတာ စနစ်များကို တရုတ်က ဖောက်ထွင်းဝင်ရောက်ကြည့်ရှုခဲ့သည်ဟု သြစတြေးလျဘက်က စွပ်စွဲပြောကြားမှုများ ရှိထား ခဲ့သည်။
"အခု ကိစ္စမှာ တရားခံက တရုတ်ပါပဲ" ဟု ABC ကဆိုသည်။
သြစတြေးလျ မိုးလေဝသ ဌာနသည် လက်ရှိအချိန်တွင် လုံခြုံရေး အေဂျင်စီများနှင့် နီးနီးကပ်ကပ် လုပ်ဆောင်နေပြီး ယင်း၏ ကွန်ပြူတာ စနစ်များလည်း အပြည့်အ၀ ပြန်လည် လည်ပတ် လုပ်ဆောင်နေပြီ ဟု ပြောကြားသည်။
တရုတ်နိုင်ငံသည် စီးပွားရေး ပြိုင်ဆိုင်နိုင်မှု အခွင့်အလမ်းများ အသာစီးရရှိရန် ဆိုက်ဘာ သူလျှိုပြုလုပ်မှုလုပ်ရပ်များ၊ အွန်လိုင်း စီးပွားရေးလုပ်ငန်းများကို ဖောက်ထွင်းဝင်ရောက်မှုများ လုပ်ဆောင်ထား သည်ဟု ယခင်ကတည်းစွပ်စွဲခံထားရသည်။