လန်ဒန်မြို့တော်မှာ ဒုတိယကမ္ဘာစစ်တွင်းတုန်းက ဗုံးခိုကျင်းတွေအဖြစ် သုံးခဲ့ရတဲ့ မြေအောက်ရထား ဘူတာရုံတွေအတိုင်း လုပ်ထားတဲ့ အရက်ဘားတခုဆီကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေသွားကြည့်ရမှာပါ။ ဒီတပတ်ရဲ့ Vlog အစီအစဉ်မှာတော့ အိမ်ကျောင်းပညာရေးအကြောင်း ပထမပိုင်းကို နော်သဇင်က တင်ဆက်ထားပါတယ်။ ဒီလို ဗဟုသုတ၊ ပညာပေးနဲ့ ရသစုံလင်အစီအစဉ်တွေကို မေလ ၁၇ ရက်နေ့ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။