စစ်တပ်အာဏာသိမ်းပြီး ရက် ၁၀၀ နိုင်ငံရေးအခြေအနေ

12 May 2021
စစ်တပ်အာဏာသိမ်းပြီး ရက် ၁၀၀ နိုင်ငံရေးအခြေအနေ

စစ်တပ်က အာဏာသိမ်းပြီး ရက်ပေါင်း ၁၀၀ ကျော်လာတဲ့အထိ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ ဆက်ရှိနေပါတယ်။ အကြမ်းမဖက်နည်းနဲ့ အာဏာဖီဆန်ပြီး ဝန်ထမ်းတွေ အလုပ်မဆင်းတဲ့ CDM လှုပ်ရှားမှု ဆက်ပြီး လုပ်ဆောင်နေပါတယ်။တိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင် တိုက်ပွဲတွေလည်း ဖြစ်နေတာတွေကို ကြည့်ရင် မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှု ခုချိန်ထိတော့ မအောင်မြင်ဘူးဆိုတာကို ပြနေတဲ့အကြောင်းနဲ့ စစ်တပ်အနေနဲ့ အာဏာကို သူတို့ အလွယ်တကူ သိမ်းယူနိုင်လိမ့်မယ်လို့ တွက်တာက မှားတာပဲလို့ မြန်မာ့အရေး လေ့လာသုံးသပ်သူ David Mathieson က ပြောပါတယ်။ 

“အာဏာသိမ်းမှု မအောင်မြင်ပါဘူး။ စစ်တပ်ကို ပြည်သူလူထု တရပ်လုံးနီးပါးက ဆက်ပြီး ဆန့်ကျင် ကန့်ကွက်နေကြဆဲ ဖြစ်သလို၊ အခြေအနေကို မထိန်းနိုင်တာ ၃ လကျော် လာပါပြီ။ ဒါက သူတို့ အာဏာသိမ်းလိုက်ရင် ပြည်သူတွေကတော့ ဒီလိုတုံ့ပြန်မှာ မဟုတ်ဘူးလို့ စစ်တပ်ဘက် လုံး၀ အတွက်မှားတာပါပဲ။”   
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly