အာဏာသိမ်းစစ်အုပ်စုက ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံ ရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်များကို ခွင့်ပြုပေးခဲ့

အာဏာသိမ်းစစ်အုပ်စုက ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံ ရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်များကို ခွင့်ပြုပေးခဲ့
Photo - AFP

မေ ၉

မြန်မာအာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုသည် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည့် LNG သုံး ဓာတ်အားပေးစက်ရုံလုပ်ငန်းတစ်ခု အပါအ၀င် ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံနီးပါး တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်များကို ခွင့်ပြုပေးခဲ့ကြောင်း နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဖွဲ့က ထုတ်ပြန်သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု‌ ကော်မရှင်သည် မေလ ၇ ရက်တွင် ပရောဂျက် ၁၅ ခုအတွက် ခွင့်ပြုချက်များ ထုတ်ပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ ၀က်ဘ်ဆိုဒ်တွင် ထုတ်ပြန်ထားသည်။

ဖေဖေါ်၀ါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ပြီး  နိုင်ငံ၏ စီးပွားရေးသည်လည်း တုံ့ဆိုင်းရပ်တန့်မှု ကြုံတွေ့ခဲ့စဥ် ယခုကြေညာချက်ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

စီးပွားရေးသည် ယခုနှစ်တွင် ၂၀ ရာခိုင်နှုန်း ကျုံ့မည်ဟု နိုင်ငံတကာ ကြွေးမြီပြန်ဆပ်နိုင်မှု အဆင့်သတ်မှတ်သည့် အေဂျင်စီ Fitch Solutions က ခန့်မှန်းထားခဲ့သည်။

ပြည်တွင်းလိုအပ်ချက်များအတွက် လျှပ်စစ် ထုတ်လုပ်မည့် စက်ရုံအပြင် ယခုခွင့်ပြုပေးလိုက်သည့် အခြားပရောဂျက်များထဲတွင် မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှု လုပ်ငန်းကဏ္ဍများအတွက် လုပ်ငန်းများ ပါ၀င်နေခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခု ခွင့်ပြုချက်ပေးလိုက်သည် ဆိုသည့် လုပ်ငန်းပရောဂျက်များ၏ နောက်ကွယ်တွင် ရှိနေသည့် ကုမ္ပဏီများ သို့မဟုတ် ယင်းတို့သည် မည်သည့်နိုင်ငံများမှ ဖြစ်သလဲ ဆိုသည်နှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ခဲ့ခြင်း မရှိပေ။

မကြာသေးသည့် နှစ်များအတွင်း မြန်မာနိုင်ငံတွင် အကြီးဆုံး ရင်းနှီးမြှုပ်နှံသူများမှာ တရုတ်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ခဲ့သည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအား အများစုကို လက်ရှိအချိန်တွင် ရေအားလျှပ်စစ် ြစီမံကိန်းများကနေတဆင့် ထုတ်လုပ်နေသော်လည်း ဆယ်စုနှစ်တစ်စုကြာ ဒီမိုကရေစီ အ့သွင်ကူးပြောင်းမှုများအတွင်း စီးပွားရေး ကောင်းခဲ့သည့် နိုင်ငံတစ်နိုင်ငံအတွက် LNG သည် ပိုမို အရေးကြီးလာနေသည်ဟု ရှုမြင်ခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required