အလုပ်ပြန်မဝင်ရင် မိသားစုပါတာဝန်မယူဘူး ဒီမြေကနေလွတ်အောင်ပုန်း ဟုရေကြည်မြို့က ကျန်း မာရေး CDM ဝန်ထမ်းများခြိမ်းခြောက်ခံနေရ

အလုပ်ပြန်မဝင်ရင် မိသားစုပါတာဝန်မယူဘူး ဒီမြေကနေလွတ်အောင်ပုန်း ဟုရေကြည်မြို့က ကျန်း မာရေး CDM ဝန်ထမ်းများခြိမ်းခြောက်ခံနေရ

မေ ၇

ဧရာဝတီတိုင်း ရေကြည်မြို့နယ်က CDM ဝင်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဆယ်ရက်နေ့မှ အလုပ်ပြန်မဝင်ရင် မိသားစုပါတာဝန်မယူဘူး ဒီမြေကနေလွတ်အောင်ပုန်း လို့ မြို့နယ်ကုသရေးနဲ့ ကျန်းမာရေးဦးဌာနမှူး ဒေါ်အေးအေးလင်းကပြောတယ်လို့ CDM ဝန်ထမ်းတစ်ဦးကပြောပါတယ်။

"ရေကြည် TMO ‌‌ဒေါ်အေးအေးလင်း ပြောတာပါ အဲ့ဒီ ရေကြည် TMO က ပုသိမ်သူ ၃ လပိုင်းကမှ ရေကြည်ကိုပြောင်းလာခဲ့တဲ့အသစ်ပါ သူ ဘယ်လိုပဲ ဖိအားပေးပေး CDM ကိုအဆုံးအထိလုပ်မှာပါ" လို့ အဲ့ဒီ CDM ဝန်ထမ်းက ဆက်လက်ပြောပါတယ်။

ရေကြည်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ကအာဏာသိမ်းတာကို ဆန့်ကျင်ပြီး ဖေဖော်ဝါရီလ ကစတင် CDM ပြုလုပ်သူ ကျန်းမာရေးဝန်ထမ်း ၆၅ ရာခိုင်နှုန်းခန့် ရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီက၅၀၅ က နဲ့အမှုဖွင့်တာတွေ ညအချိန် CDMဝန်ထမ်းတွေကို လိုက်လံဖမ်းဆီးတာတွေကြောင့် ဝန်ထမ်းတချို့ကတော့ အလုပ်ပြန်ဝင်နေကြတယ်လို့လည်းသိရပါတယ်။

လက်ရှိအချိန်မှာတော့ ခြိမ်းခြောက်ခံနေရတဲ့ ကျန်းမာရေး CDM ဝန်ထမ်းတွေအပါအဝင် ရေကြည်မြို့ နယ်အတွင်းက  CDM ဝန်ထမ်းတော်တော်များများက လုံခြုံရေးအတွက် မြို့ပေါ်ကရှောင်တိမ်းနေကြတယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly