၂၀၁၆ ခုနှစ် အာကာသစူးစမ်းလေ့လာရေး အေဂျင်စီ ဆိုက်ဘာ တိုက်ခိုက်ခံရမှု နောက်ကွယ်တွင် တရုတ်စစ်တပ်ကို ဂျပန် သံသယရှိနေ

By Pentapostagma
29 April 2021
၂၀၁၆ ခုနှစ် အာကာသစူးစမ်းလေ့လာရေး အေဂျင်စီ ဆိုက်ဘာ တိုက်ခိုက်ခံရမှု နောက်ကွယ်တွင် တရုတ်စစ်တပ်ကို ဂျပန် သံသယရှိနေ

၂၀၁၆ ခုနှစ်က ဂျပန်အာကာသစူးစမ်းလေ့လာ‌ရေး အေဂျင်စီ (JAXA)အပါအဝင် စစ်ဖက်နှင့် ဆက်စပ်နေသည့် ကုမ္ပဏီနှင့် သုတေသနအဖွဲ့အစည်းများအား ဆိုက်ဘာတိုက်ခိုက်မှု အကြီးအကျယ် လုပ်ဆောင်သည့်နောက်ကွယ်တွင် တရုတ်စစ်တပ်များ ရှိနေသည်ဟု ဂျပန်ရဲတပ်ဖွဲ့က သံသယရှိနေကြောင်း NHK ရုပ်သံဌာနက စုံစမ်းလေ့လာထားသည့် ရင်းမြစ်များကို ကိုးကား၍ ဧပြီ ၂၇ ရက်တွင် ကြေညာခဲ့သည်။

အသက် ၃၀ ဝန်းကျင်အရွယ် ကွန်ပြူတာ အင်ဂျင်နီယာနှင့် ကွန်မြူနစ်ပါတီအဖွဲ့ဝင်တစ်ဦးတို့သည် ၂၀၁၆ ခုနှစ်က ယင်းတိုက်ခိုက်မှုကို လုပ်ဆောင်ရန် ဆာဗာအများအပြားကို ငှားရမ်းခဲ့ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ အမျိုးသားသည် အခြားအမည်များကို အသုံးပြုကာ ဆာဗာများကို ၅ ကြိမ်တိုင် ငှားရမ်းခဲ့ပြီး ယင်းဆာဗာများ၏ ID နှင့် အခြား စာရွက်စာတမ်းများကို Tick ဟု ခေါ်သည့် တရုတ်ဟက်ကာ အုပ်စုတစ်ခုအား ပေးအပ်ခဲ့သည်။

ဒီဂျစ်တယ်မှတ်တမ်းများကို တရားမဝင်ကူးယူကြောင်း သံသယရှိသဖြင့် အဆိုပါ တရုတ်နိုင်ငံသားကို တရားစွဲရန် ဂျပန်ရဲတပ်ဖွဲ့က ဧပြီ ၂၇ ရက်ညနေပိုင်းတွင် ရည်ရွယ်ခဲ့သော်လည်း အဆိုပါ အမျိုးသားသည် ဂျပန်နိုင်ငံတွင်းမှ ထွက်ခွာသွားပြီ ဖြစ်ကြောင်း NHK သတင်းဌာနက ဖော်ပြသည်။

အခြား တရုတ်နိုင်ငံသားများသည်လည်း ဂျပန်ဆာဗာများကို အခြားအမည်များဖြင့် ငှားရမ်းကာ တရုတ်စစ်တပ်၏ ဆိုက်ဘာတိုက်ခိုက်ရေးဌာနမှ အဖွဲ့ဝင်တစ်ဦးကို ပေခဲ့ကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။

အာကာသအေဂျင်စီတိုက်ခိုက်ခံရကြောင်း JAXA ၏ ပြောခွင့်ရ ပုဂ္ဂိုလ်က NHK သို့ အတည်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required