တိဘက်မှ ပျောက်ကွယ်နေသော ပန်ချန်လားမား ရှိသည့်နေရာကို ထုတ်ဖော်ပြောဆိုရန် အမေရိကန်က တရုတ်ကို တိုက်တွန်း

တိဘက်မှ ပျောက်ကွယ်နေသော ပန်ချန်လားမား ရှိသည့်နေရာကို ထုတ်ဖော်ပြောဆိုရန် အမေရိကန်က တရုတ်ကို တိုက်တွန်း
Photo: EPA

လွန်ခဲ့သော ၂၆ နှစ်က လူငယ်ဘဝတွင် တရုတ်၏ ဖမ်းဆီးချုပ်နှောင်ခြင်းခံခဲ့ရသော တိဘက်မှ ပန်ချန်လားမာ မည်သည့်နေရာတွင် ရှိနေသည်ကို ထုတ်ဖော်ပြောကြားသင့်ပြီး ပြင်ပ မှလေ့လာသူများကို ၎င်းနှင့် လူချင်းတွေ့ဆုံခွင့်ပေးသင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားလိုက်ခြင်းအပေါ် တိဘက်များက ၎င်းတို့ ရင်ဆိုင်နေရသည့် အခက်အခဲအတွက် များစွာ ထောက်ခံခဲ့ကြသည်။

၁၉၈၉ ခုနှစ်တွင် ကွယ်လွန်ခဲ့သော ၁၀ ယောက်မြောက် ပန်ချန်လာမား၏ ဆက်ခံသူအဖြစ် တိဘက်၏ ပန်ချန်လားမားဖြစ်သူ ဂက်ဟန် ချိုကြည်နီမာကို ၁၉၉၅ ခုနှစ် မေလ ၁၄ ရက်၊ အသက်ခြောက်နှစ်အရွယ်တွင် ၁၁ ယောက်မြောက် ပန်ချန်လားမားအဖြစ်ပြန်လည်အသိအမှတ်ပြုခဲ့သည်။

ပြည်ပရောက် တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားက ယင်းကဲ့သို့ အသိအမှတ်ပြုခြင်းသည် တရုတ်အာဏာပိုင်များကို ဒေါသထွက်စေခဲ့သည်။ နောက်သုံးရက်အကြာတွင် ကလေးနှင့် မိသားစုအား ဖမ်းဆီးခဲ့ပြီးနောက်တွင် အခြားတစ်ယောက်ဖြစ်သူ ဂွေဆိန်နော်ဘူးကို သူ့နေရာတွင်အစားထိုးခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နက်ဒ်ပရိုက်က သတင်းစာရှင်းလင်းပွဲတွင် ဧပြီလ ၂၅ရက်တွင် ကျရောက်သည့် ဂက်ဟန် ချိုကြည်နီမာ၏ ၃၂ နှစ်မြောက်မွေးနေ့တွင် ဂက်ဟန် ချိုကြည်နီမာ ပျောက်ကွယ် သွားပြီးနောက်ထပ်တစ်နှစ် သူ့၏ အသိုင်းအဝိုင်းနှင့် ခွဲနေရန် အတင်းအကျပ်ခိုင်းစေခြင်းခဲ့ရပြီး၊ ထင်ရှားသော တိဘဗုဒ္ဓဘာသာခေါင်းဆောင်တစ်ယောက်အနေဖြင့်ရှိရမည့် ၎င်း၏ နေရာမှန်မှလည်း ငြင်းဆန်ခံခဲ့ရသည်ဟု ဆိုသည်။

"တရုတ်ပြည်မကြီးအစိုးရက တိဘက်တွေ လေးစားတန်ဖိုးထားတဲ့ ပန်ချန်လားမား ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို ချက်ချင်းလူသိရှင်ကြားထုတ်ဖော်ပြောဆိုဖို့နဲ့ ပန်ချန်လားမားနဲ့ လူကိုယ်တိုင်တွေ့ဆုံခွင့်ပေးရေးကို ကျွန်တော်တို့ တောင်းဆိုလိုက်ပါတယ်" ဟု တိဘက်ဘာသာရေးလွတ်လပ်ခွင့်နှင့် ယဉ်ကျေးမှုဆိုင်ရာဝိသေသလက္ခဏာများကို အမေရိကန်က ထောက်ခံသည့်အနေဖြင့် ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ ။

“ကိုယ်ပိုင်ယုံကြည်ချက်တွေအရ အစိုးရက ဝင်ရောက်စွက်ဖက်မှုမရှိဘဲ တိဘက်တွေက ဒလိုင်းလားမားနဲ့ ပန်ချန်လားမားတို့လို သူတို့ရဲ့ ခေါင်းဆောင်တွေကို ရွေးချယ်ဖို့၊ ပညာပေးဖို့နဲ့ ကြည်ညိုလေးစားဖို့ တိဘက်တွေရဲ့ အခွင့်အရေးကို ကျွန်တော်တို့ လေးစားပါတယ်။” ဟု ပရိုက်က ထပ်လောင်း ပြောကြားသည်။

အမေရိကန်အရာရှိများက ယခင်ကလည်း တရုတ်အစိုးရအား အလားတူတောင်းဆိုမှုများပြုလုပ်ခဲ့သော်လည်း တိဘက်ဗဟို တိဘက်အုပ်ချုပ်မှုအဖွဲ့မှ ခေါင်းဆောင် လော့ဆန်းဆန်ဂေးက ယခုနှစ်မှတ်ချက်များသည် "ယခုအချိန်အထိ အပြင်းထန်ဆုံးသော မှတ်ချက်များထဲမှ တစ်ခုဖြစ်သည်" ဟု ပြောကြားခဲ့သည်။

"ပန်ချန်လားမားရဲ့ ဘယ်မှာရှိနေတယ်ဆိုတာကို အများပြည်သူလူသိများစေဖို့နဲ့ အမေရိကန်အစိုးရက ပန်ချန်လားမားနဲ့ တွေ့ဆုံဖို့ အခွင့်အလမ်းဖန်းတီးဖို့ တရုတ်အစိုးရကို တိုက်တွန်းခဲ့မှုတွေအတွက် အမေရိကန်နိုင်ငံခြားရေးဌာနကို အထူးကျေးဇူးတင်ပါတယ်" ဟု သူက RFA ၏ တိဘက်သတင်းဌာနသို့ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required