ပြင်သစ်နိုင်ငံရောက်မြန်မာများက (NUG )ထောက်ခံဆန္ဒထုတ်ဖော်ပွဲ ကိုပါရီမြို့မှာပြုလုပ်ခဲ့

25 April 2021
ပြင်သစ်နိုင်ငံရောက်မြန်မာများက (NUG )ထောက်ခံဆန္ဒထုတ်ဖော်ပွဲ ကိုပါရီမြို့မှာပြုလုပ်ခဲ့

၂၄/၀၄/၂၀၂၁ စနေနေ့တွင် ပြင်သစ်နိုင်ငံရောက်မြန်မာများလည်း တခြားကမ္ဘာ့နိုင်ငံအသီးသီးကမြန်မာများနည်းတူ အသစ်ပေါ်ထွက်လာသည့် အမျိုးသားညီညွတ်ရေးအစိုးရ ကိုထောက်ခံဆန္ဒထုတ်ဖော်ပွဲကို ပါရီမြို့ရဲ့စည်ကားလှတဲ့ ၁၉ရာစု မှာတည်ဆောက်ခဲ့သောရင်ပြင် Place de la République တွင်ပြုလုပ်ခဲ့ပါသည်။ဆန္ဒပြပွဲကို EELV ဥရောပစိမ်းလမ်းစိုပြေရေး ပါတီနှင့် နိင်ငံတကာမျိုးဆက်သစ်များပါတီ တို့ကတက်ရောက်ထောက်ခံစကားပြောကြားခဲ့ကြပြီး ပြင်သစ်ရောက်မြန်မာတိုင်းရင်းသားလူမျိုးများနှင့် ရိုဟင်ဂျာ များပါ တက်ရောက် ဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly