အမေရိကန်နှင့် ဂျပန် ပူးတွဲကြေညာချက်နောက်ပိုင်း တရုတ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်

By Zee 5
23 April 2021
အမေရိကန်နှင့် ဂျပန် ပူးတွဲကြေညာချက်နောက်ပိုင်း တရုတ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်

အမေရိကန်နှင့် ဂျပန်တို့၏ ပူးတွဲကြေညာချက်နောက်ပိုင်း ထိုင်ဝမ်နှင့် ပတ်သက်ပြီး တင်းမာမှုများ မြင့်တက်လာစဉ် ယခုသတင်းပတ်ကုန်တွင် တရုတ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့် လေ့ကျင့်ခန်း အများအပြား ပြုလုပ်ခဲ့သည်။

ထိုင်ဝမ်ရေလက်ကြားကို ကြီးကြပ်သော ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ အရှေ့ပိုင်းနယ်မြေဆိုင်ရာ စစ်ဌာနချုပ်သည် H-6K မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များစွာဖြင့် ၉ နာရီကြာ စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့သည်ဟု South China Morning Post က ဖော်ပြခဲ့သည်။

တရုတ်ပြည်အရှေ့ပိုင်းရှိ စစ်လေဆိပ်မှ ဗုံးကြဲလေယာဉ်များ အုပ်စုအလိုက်ပျံတက်သွားခဲ့ကြပြီး၊ တိုက်ခိုက်မည့်သဏ္ဍာန် ခပ်နိမ့်နိမ့်အနေအထားဖြင့် ပျံသန်းကာ အမည်မဖော်ပြနိုင်သော တိုက်ခိုက်ရေးနေရာသို့ ဦးတည်သွားခဲ့ကြသည်ဟု CCTV က သတင်းဖော်ပြခဲ့သည်။

ပျံသန်းနေချိန်အတွင်း အများဆုံးတန်ချိန် ၁၅ တန်သာရှိသော H-6Ks များသည် လေကြောင်းရန် ကာကွယ်ရေးဒုံးတက်ဖွဲ့များနှင့် အီလက်ထရောနစ်တန်ပြန်မှုများကိုလည်း လေကျင့်ပြုလုပ်ခဲ့သည်။ သတ်မှတ်ထားသောလေကြောင်းနေရာသို့ ရောက်သည်နှင့်တပြိုင်နက် မတူညီသော အမြင့်များမှ အလွတ်ဗုံးများကို ကျဲချခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

"နာရီပေါင်းများစွာ ကြာမြင့်ပြီး၊ မြင့်မားသော ပြင်းထန်မှု၊ နေ့- ညဉ့်လေ့ကျင့်ခန်းက လေတပ်၏ ချေမှုန်းရေးစွမ်းရည်များ လျင်မြန်စွာ တိုးတက်လာပြီး အစစ်အမှန်စစ်ရေးစွမ်းရည်များတိုးတက်လာခဲ့သည်"ဟု CCTV က ဆိုသည်။

"ဗုံးတွေ အများကြီးကျဲတဲ့ ကြီးကျယ်တဲ့ စစ်ရေးလေ့ကျင့်မှုပါ။ အရှေ့ပိုင်းနဲ့ တောင်ပိုင်းနယ်မြေ စစ်ဌာနချုပ်တွေမှာ ပစ်ခတ်စရာ နေရာကြီးကြီးမားမားတော့ မရှိပါဘူး” ဟု အမည်မဖော်လိုသူတစ်ဦးက ပြောကြားခဲ့သည်။

၁၉၆၉ ခုနှစ်နောက်ပိုင်း၊ အမေရိကန်နှင့် ဂျပန်တို့၏ ပထမဆုံးထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် ထိုင်ဝမ်အကြောင်း ဖော်ပြခဲ့သဖြင့် ယင်းလေ့ကျင့်မှုထွက်ပေါ်လာခြင်းဖြစ်သည်။

ဧပြီလ ၁၆ ရက်တွင် အိမ်ဖြူတော်၌ ပထမဆုံးပုဂ္ဂိုလ်ရေးတွေ့ဆုံမှု၌ ဂျပန်ဝန်ကြီးချုပ် စူဂါနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့၏ ပူးတွဲကြေညာချက်တွင် “ထိုင်ဝမ်ရေလက်ကြားတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၏ အရေးကြီးပုံကို အလေးအနက်ထားပြောကြားခဲ့ပြီး၊ ထိုင်ဝမ်ရေလက်ကြားပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းရေးကိုလည်း အားပေးခဲ့သည်။ "

ထိုင်ဝမ်ရေလက်ကြား၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် အရေးကြီးပုံကို အခိုင်အမာပြောကြားထားသည့် ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုတို့၏ ပူးတွဲထုတ်ပြန်ချက်ကို ထိုင်ဝမ်က ကြိုဆိုလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required