ဂျာနယ်လစ်များအား ထောင်သွင်းအကျဉ်းချမှု အများအပြားပြုလုပ်နေသည့် နိုင်ငံဟု တရုတ်ကို မီဒီယာစောင့်ကြည့်ရေးအဖွဲ့က ခေါ်ဝေါ်

By Zee 5
23 April 2021
ဂျာနယ်လစ်များအား ထောင်သွင်းအကျဉ်းချမှု အများအပြားပြုလုပ်နေသည့် နိုင်ငံဟု တရုတ်ကို မီဒီယာစောင့်ကြည့်ရေးအဖွဲ့က ခေါ်ဝေါ်

တရုတ်နိုင်ငံက အင်တာနက်ဆင်ဆာဖြတ်တောက်မှု၊ စောင့်ကြည့်မှုနှင့် ဝါဒဖြန့်မှုများကို ဆက်လက်ပြုလုပ်နေပြီး မကြုံစဖူးသည့် အဆင့်များသို့ ရောက်နေပြီး ဂျာနယ်လစ်များအတွက် ကမ္ဘာ့အဆိုးရွားဆုံးနိုင်ငံတစ်နိုင်ငံနှင့် ထောင်သွင်းအကျဉ်းချမှု အများအပြားပြုလုပ်နေသည့်နိုင်ငံဖြစ်ကြောင်း နယ်စည်းမခြားသတင်းထောက်များ (RSF) အဖွဲ့၏ နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဧပြီလ ၂၀ရက်က ထုတ်ပြန်ခဲ့သော နှစ်ပတ်လည် စာနယ်ဇင်း လွတ်လပ်ခွင့် အညွှန်းကိန်းတွင် COVID-19 ကူးစက်မှု ကာလအတွင်း ကမ္ဘာအနှံ့တွင် သတင်းထောက်များအပေါ် ဖိနှိပ်မှုများနှင့် တိုက်ခိုက်မှုများ များပြားလာကြောင်း ကမ္ဘာ့လုံးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ကြီးက မီးမောင်းထိုးပြခဲ့သည်ဟု အေအိုင်အယ်လ်ဂျာဇီးရားသတင်းဌာနက ဖော်ပြခဲ့သည်။

ယင်းအညွှန်းကိန်းက နိုင်ငံများနှင့် နယ်မြေ ၁၈၀ မှ စာနယ်ဇင်းလွတ်လပ်ခွင့်အခြေအနေကို ဆန်းစစ်ထားခဲ့ပြီး၊ RSF ၏ အချက်အလက်များအရ ဆန်းစစ်ထားသည့် နိုင်ငံပေါင်း၏ လေးပုံသုံးပုံခန့်တွင် စာနယ်ဇင်းပညာသည်“

လုံးဝပိတ်ဆို့ခြင်း သို့မဟုတ် အကြီးအကျယ်အဟန့်အတားကြုံနေရကြောင်း” ဖော်ပြထားသည်။ အရေးပေါ်ကျန်းမာရေးကိစ္စရပ်များရှိနေချိန်တွင် သင့်တော်သည့်သတင်းအချက်အလက်များရရှိရန် ပိုမိုခက်ခဲနေကြောင်း ဆိုသည်။

နော်ဝေး၊ ဖင်လန်၊ ဆွီဒင်၊ ဒိန်းမတ်နှင့် ကော့စတာရီကာတို့သည် စာနယ်ဇင်းလွတ်လပ်ခွင့်အရှိဆုံး နိုင်ငံများဖြစ်သည်။

အစီရင်ခံစာ၏ ပူးတွဲကြေညာချက်တွင် RSF ၏ အထွေထွေအတွင်းရေးမှူး Christophe Deloire က “သတင်းစာပညာသည် သတင်းအချက်အလက်အမှားများအတွက် အကောင်းဆုံးကာကွယ်ဆေးဖြစ်သည်။” ဟု ဆိုသည်။

" ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေနဲ့ ဆိုရှယ်မီဒီယာတွေက တစ်ဆင့် နယ်စပ်ဖြတ်ကျော်ပြီး သတင်းအချက်အလက်အမှားတွေ ရောက်ရှိနေတာကို တုန့်ပြန်ဖို့အတွက် အများပြည်သူနဲ့ဆိုင်တဲ့ ဆွေးနွေးငြင်းခုံမှုတွေကို အမယ်စုံတဲ့ ခိုင်မာတဲ့အချက်အလက်တွေအပေါ်မှာ အခြေခံထားတာဖြစ်တဲ့အတွက် သတင်းစာပညာရပ်က အလွန်ထိရောက်တဲ့ နည်းလမ်းတွေဖြစ်ပါတယ် "

အစီရင်ခံစာအရ Covid-19 သည် တရုတ်တွင်ပေါ်ထွက်လာသကဲ့သို့ (၁၇၇မြောက်) သည် ကမ္ဘာတစ်ဝန်းသို့ မပျံ့နှံ့မီ၊ ဗိုင်းရပ်စ်ကို ဆင်ဆာလုပ်ခဲ့ပြီး ယင်းသို့ပြုလုပ်ရာတွင် တရုတ်သည် ကမ္ဘာပေါ်တွင်အငြင်းပွားစရာမရှိသော အထူးကျွမ်းကျင်သူဖြစ်ပြီး၊ ယင်းကြောင့် ဗိုင်းရပ်စ်သည် အာရှနှင့် ပင်လယ်သမုဒ္ဒရာတစ်လျှောက်ရှိ နိုင်ငံများသို့ပျံ့နှံ့ခဲ့ပြီး ဒေသအတော်များများတွင် တဖြည်းဖြည်းပျံ့နှံ့သွားခဲ့သည်။

“တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးအုပ်ချုပ်ရေးဒေသ ဟောင်ကောင် (၈၀မြောက်)တွင် ယင်းကဲ့သို့ ဆင်ဆာဖြတ်ခြင်းကို စတင်ခဲ့ပြီး၊ ပေကျင်းသည် ၂၀၂၀ ပြည့်နှစ် ဇွန်လတွင်ပြဋ္ဌာန်းခဲ့သော အမျိုးသား လုံခြုံရေးဥပဒေအရ တိုက်ရိုက်ဝင်ရောက်စွက်ဖက်နိုင်ပြီး၊ ယင်းဥပဒေသည် စာနယ်ဇင်းပညာကို အကြီးအကျယ်ခြိမ်းခြောက်မှုဖြစ်စေနိုင်သည်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

သမ္မတရှီကျင့်ဖင်သည် ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ခေါင်းဆောင်ဖြစ်လာပြီးကတည်းက မကြုံစဖူး အဆင့်များဖြင့် အွန်လိုင်းဆင်ဆာပြုလုပ်ခြင်း၊ စောင့်ကြည့်ခြင်းနှင့် ဝါဒဖြန့်ချိခြင်းများပြုလုပ်ခဲ့ကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

ရှီကိုယ်တိုင် ကြီးကြပ်သော တရုတ်ဆိုက်ဘာစပေ့အုပ်ချုပ်မှု(CAC) အေဂျင်စီသည် တရုတ်နိုင်ငံ၏ အင်တာနက်သုံးစွဲသူ ၉၈၉ သန်းအတွက် သတင်းအချက်အလက်များကို ထိန်းချုပ်ရန် ရည်ရွယ်သည့် အစီအမံများကိုကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခဲ့သည်။

၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင်စာနယ်ဇင်းလွတ်လပ်ခွင့်ကာကွယ်သူများကို အကြီးမားဆုံးထောင်သွင်းအကျဉ်းချနေသည့် နိုင်ငံဖြစ်ကြောင်း နယ်စည်းမခြားသတင်းထောက်များ (RSF) အဖွဲ့မှ ပြောကြားခဲ့ပြီး၊ လက်ရှိတွင် နိုင်ငံအတွင်းထိန်းသိမ်းထားသူ ၁၂၀ ကျော်ရှိပြီး၊ မကြာခဏလည်း အသက်အန္တရာယ်ခြိမ်းခြောက်ခံရသော အခြေအနေများကြုံတွေ့နေရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required