ဘန်ဂါလူရူ (ကာနာတာကာ- အိန္ဒိယ)
Herbalife Nutrition အာဟာရ ကုမ္ပဏီက တရားဝင် အာဟာရပံ့ပိုးရေး မိတ်ဖက်အဖြစ် ၂၀၂၁ ခုနှစ် ရာသီအတွက် Royal Challengers Bangalore ခရစ်ကတ်အသင်းနှင့် လက်တွဲလိုက်သည်။ အဆိုပါ ကမ္ဘာကျော် အာဟာရကုမ္ပဏီက ကမ္ဘာပေါ်ရှိ အားကစားအသင်းများ၊ အားကစားသမား ရာပေါင်းများစွာ၏ စွမ်းဆောင်မှုများကို တိုးတက်စေခဲ့သည်။
Herbalife Nutrition ၏ ဒုတိယဥက္ကဌနှင့် အိန္ဒိယနိုင်ငံဆိုင်ရာ အကြီးအကဲ အာဂျေးခန်နာက မိတ်ဖက် ဖွဲ့စည်းသည့် အခမ်းအနားတွင် “အားကစားအတွက် လိုအပ်တဲ့ အာဟာရနဲ့ စွမ်းဆောင်ချက်တို့အကြား စွမ်းအင်လိုအပ်ချက်ကို ကျွန်တော်တို့ နားလည်ပါတယ်။ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်ပညာရှင်တွေက Royal Challengers Bangalore နဲ့ လက်တွဲရတဲ့အပေါ်မှာလည်း ဝမ်းသားဂုဏ်ယူပါတယ်။ ဒီအသင်းမှာ ကမ္ဘာ့ကျော် ခရစ်ကတ်သမားတွေ အများကြီး ပါဝင်နေပြီး ယခုရာသီအစမှာ အောင်မြင်မှုတွေ အများကြီး ရနေပါပြီ။ Royal
Challengers Bangalore အသင်းနဲ့အတူ ‘BOLD IS FIT’ (တက်ညီလက်ညီ ခိုင်မာမည်) အစီအစဉ်ကို ဆောင်ရွက်ပြီး အောင်နိုင်မှုတွေရဖို့ လိုအပ်တဲ့အာဟာရတွေကို ဆက်လက်ပံ့ပိုးသွားမှာပါ” ဟု ပြောကြားသည်။
Royal Challengers Bangalore အသင်း၏ ဒုတိယဥက္ကဌနှင့် အကြီးအကဲ ရာဂျက်ဗီမန်နွန်က “ကျွန်တော်တို့ရဲ့ အာဟာရဆိုင်ရာ တရားဝင်မိတ်ဖက်အဖြစ် Herbalife Nutrition နဲ့ လက်တွဲရတာကို ဝမ်းမြောက်မိပါတယ်။ ဒီကုမ္ပဏီက ကျန်းမာရေးနဲ့ သန်စွမ်းရေးကဏ္ဍမှာ ရှေ့တန်းက ရောက်နေပြီး ကမ္ဘာပေါ်နဲ့ အိန္ဒိယက နာမည်ကျော်အားကစားသမားအချို့နဲ့ လက်တွဲထားပါတယ်” ဟု ပြောကြားသည်။
Herbalife Nutrition သည် ဗီရက်ခိုလီ၊ ခရစ်စတီယာနို ရော်နယ်ဒို၊ LA Galaxy နှင့် အိုလံပစ် အားကစား အသင်းများ အပါအဝင် ကမ္ဘာ့အဆင့် အားကစားသမား ၁၉၀ ကျော်၊ အသင်းများနှင့်ပွဲများ ကျင်းပရေးအတွက် ပံ့ပိုးကူညီထားသည်။ ယင်းကုမ္ပဏီတွင် ကမ္ဘာအနှံ့ ဝန်ထမ်းပေါင်း ၈၀၀၀ ကျော်ရှိပြီး ၎င်း၏ အစုရှယ်ယာကိုလည်း နယူးယောက် စတော့ အိတ်ချိန်း (NYSE: HLF) တွင် ရောင်းချပြီး ၂၀၁၇ ခုနှစ်က ရှယ်ယာတန်ဖိုး ဒေါ်လာ ၄ ဒသမ ၄ ဘီလျံအထိ အရောင်း အဝယ်ဖြစ်ခဲ့သည်။