ချောင်းသာကမ်းခြေဒေသမှာ ဧပြီလ (၂၀)ရက်နေ့က ကိုဗစ်ရောဂါပိုးတွေ့ရှိသူ (၄)ဦးတွေ့ရှိခဲ့တယ်လို့ ပရဟိတ အသင်းတချို့ရဲ့ပြောကြားချက်အရသိရပါတယ်။
ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူတွေဟာ ဈေးသည်တစ်ဦး နဲ့ အဲ့ဈေးသည်နဲ့ထိစက်သူတွေ ဖြစ်ကြပြီးအပန်းဖြေဖို့လာရောက်တည်းခိုတဲ့ ခရီးသွားဧည်သည်ဆီက ကူးစက်ခဲ့တာလို့သိရပါတယ်။
လက်ရှိမှာ ရောဂါပိုး ကူးစက်ခံထားရသူတွေကိုပုသိမ်မြို့ ကိုးသိန်းရပ်မှာပြုလုပ်ထားတဲ့ ကိုဗစ်လူနာတွေအတွက်(ယာယီ)ဆေးရုံကို ပို့ဆောင်ပြီးဆေး ကုသမှုတွေ ပြုလုပ်ပေးနေပါတယ်။
ကျန်ခဲ့တဲ့ သင်္ကြန်ရက်က ချောင်းသာကမ်းခြေကို လာရောက်အပန်းဖြေတဲ့ ခရီးသွားဧည့်သည်တွေများပြားခဲ့တာကြောင့် ဒေသခံတွေက ထပ်မံကူးစက်မှာကို စိုးရိမ်နေကြတယ်လို့သိရပါတယ်။