ဧပြီ ၁၇
မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး မစ်ရှင်အဖွဲ့တစ်ဖွဲ့ စေလွှတ်ရန် အဆိုပြုချက်တစ်ရပ်ကို အရှေ့တောင်အာရှနိုင်ငံများက စဥ်းစားဆွေးနွေးလျက် ရှိကြောင်း ထိုကိစ္စနှင့်ပတ်သက်ပြီး သိရှိသည့် သံတမန်များက ပြောသည်။
မြန်မာအာဏာသိမ်းစစ်အုပ်စုနှင့် အာဏာသိမ်းမှုကို ဆန့်ကျင်သူများအကြား ဆွေးနွေးပွဲတစ်ခု ဖြစ်စေရေး ကြား၀င်ညှိနှိုင်းမည့် အစီအစဥ်တစ်ရပ်၏ ဖြစ်နိုင်ခြေရှိ ပထမခြေလှမ်းတစ်ခုအဖြစ် မစ်ရှင်အဖွဲ့ စေလွှတ်ရေးကို ချိန်ဆနေခြင်း ဖြစ်ကြောင်း သိရသည်။
ယခုလထဲ အာဆီယံခေါင်းဆောင်များ၏ စီစဥ်ထားသော ထိပ်သီးအစည်းအဝေးတစ်ရပ် မတိုင်မီ အဆိုပြုချက်နှင့်ပတ်သက်ပြီး စဥ်းစားနေခြင်းလည်း ဖြစ်သည်။
ယခုလ အာဆီယံ အစည်းအဝေးသို့ မြန်မာအာဏာသိမ်းစစ်အုပ်စု ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း တက်ရောက်လာကောင်းလာနိုင်ကြောင်း သံတမန်များက ပြောသည်။
ယင်းနှင့်ပတ်သက်ပြီး မြန်မာ အာဏာသိမ်းစစ်အုပ်စုဘက်မှ တစ်စုံတစ်ရာ သဘောထားမှတ်ချက် ပေးခြင်း မရှိခဲ့ပေ။
အာဆီယံ ထိပ်သီးအစည်းအဝေးကို ဧပြီ ၂၄ ရက်၌ ကျင်းပမည်ဖြစ်ပြီး ၎င်းအနေဖြင့် ထိုအစည်းအဝေးအတွက် အင်ဒိုနီးရှား၏ မြို့တော်သို့ သွားရောက်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်က ဧပြီ ၁၆ ရက်တွင် ၎င်း၏ ဖေ့ဘွတ်ခ်အကောင့်တွင် ရေးခဲ့သည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ယမန်နေ့ ဧပြီ ၁၆ ရက်တွင် ဖွဲ့စည်းလိုက်သည့် အမျိုးသားညီညွတ်ရေးအစိုးရက အာဆီယံထံမှ အကူအညီကို လက်ခံနိုင်သည်ဟု ဆိုသော်လည်း အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံ အစည်းအဝေး ပါ၀င်တက်ရောက်ရန် ခွင့်မပြုသင့်ကြောင်း ပြောခဲ့သည်။