မြန်မာစစ်အစိုးရ၏တည်ငြိမ်အောင်ကြိုးပန်းမှုအလုပ်မဖြစ် ဟု ဂျပန်သံအမတ်ဟောင်းပြော

မြန်မာစစ်အစိုးရ၏တည်ငြိမ်အောင်ကြိုးပန်းမှုအလုပ်မဖြစ် ဟု ဂျပန်သံအမတ်ဟောင်းပြော
Then-Japanese Ambassador to Myanmar Tateshi Higuchi, left, meets with Commander-in-Chief Min Aung Hlaing in October 2017, in Naypyidaw, the capital of Myanmar.

အကြပ်အတည်းက ဆိုးရာမှပို၍ဆိုးရာသို့ပြောင်းနေချိန်ဝယ် ဖိနှိပ်ဖြိုခွဲမှုများနှင့်ဖမ်းဆီးထိန်းသိမ်းမှုများ ပိုဖြစ်လာဖွယ်ရှိ

ထိုအချိန်ကမြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီးဖြစ်သူ တာတီရှီဟီဂူချီ (Tateshi Higuchi) (ဝဲဘက်) ၂၀၁၇ ခုနှစ်အောက်တိုဘာလအတွင်းက ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံမြို့တော် နေပြည်တော်တွင်သွားရောက်တွေ့ဆုံခဲ့စဉ်က

ရေးသူ - ယူအိချိဆာကာဂူချီ (YUICHI SAKAGUCHI), Nikkei အကြီးတန်းဝန်ထမ်း။ ၂၀၂၁ ခုနှစ် ဧပြီလ ၁၅ ရက် ၁၂ နာရီ ၇ မိနစ် (ဂျပန်စံတော်ချိန်)

တိုကျို - စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းလိုက်ကတည်းက မြန်မာနိုင်ငံသည် ကသောင်း ကနင်းဖြစ်မှုအတွင်းသို့ပို၍နက်ရှိုင်းစွာထိုးဆင်းသွားသည်။  အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများအပေါ် ရက် စက်စွာဖိနှိပ်ဖြိုခွဲမှုကြောင့် ယခုအထိ လူပေါင်း ၇၀၀ ကျော်သေဆုံးခဲ့ရပြီးဖြစ်သည်။

မြန်မာနိုင်ငံတွင် ဂျပန်သံအမတ်ကြီးအဖြစ် ၂၀၁၄ မှ ၂၀၁၈ အထိတာဝန်ထမ်းဆောင်ခဲ့သူ တာတီရှီဟီဂူချီ ကို Nikkei သတင်းဌာနကမကြာမီကတွေ့ဆုံမေးမြန်းခဲ့ပါသည်။ သူသည်တိုကျိုမြို့တော်ရဲတပ်ဖွဲ့အကြီးအကဲ အဖြစ်လည်းတာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ အဆိုပါအရှေ့တောင်အာရှနိုင်ငံဘယ်ဆီသို့ဦးတည်နေ ကြောင်းနှင့် ဂျပန်ကမည်သို့ဆက်ဆံသင့်ကြောင်းသူ့ကိုမေးမြန်းခဲ့ပါသည်။

အခြေအနေတွေက ဆိုးရာက ပိုဆိုးတဲ့ဘက်ကိုသွားနေတယ်။ ပိုကောင်းလာမဲ့လက္ခဏာကလဲနည်းနည်းဘဲ ရှိတယ်။ ဆုံးဖြတ်ချက်တွေကိုဒီလို (သေရေးရှင်ရေးယူဆချက်) တွေအပေါ်အခြေမခံသင့်ဘူး။ဟု ဒေါ် ဆောင်ဆန်းစုကြည်နှင့်မကြာခဏတွေ့ဆုံခဲ့သူ ဟီဂူချီ ကပြောသည်။ ဒေါ်ဆောင်ဆန်းစုကြည်သည် ဖြုတ်ချ ခံလိုက်ရသော အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ခေါင်းဆောင်ဖြစ်သည်။ သူသည်အမျိုးသား စစ်တပ်၏ တပ်မှူးဖြစ်သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်သိကျွမ်းသူလည်းဖြစ်သည်။

တွေ့ဆုံဆွေးနွေးမှုမှ တည်းဖြတ်ထားသောကောက်နှုတ်ချက်များကိုအောင်တွင်ဖော်ပြပါသည်။

မေး။ ။ နိုင်ငံသားတွေအပေါ်တိုးပြီးတော့ရက်ရက်စက်စက်လုပ်နေတာတွေက ဘာကြောင့်လဲဗျ။

ဖြေ။ ။ စစ်တပ်ကသူတို့လုပ်တာမှန်တယ်လို့ဘဲထင်နေတာ။ အင်အားသုံးပြီးနှိမ်နင်းဘို့ကလွဲရင် တခြားနည်း လမ်းလဲ သူတို့မသိဘူး။ သူတို့ကိုကြည့်ရတာပိုပြီးလည်း စစ်သွေးစစ်မာန်ကြွနေတယ်။ သူတို့လုပ်နေတဲ့ နှိမ် နင်းတဲ့နည်းလမ်းတွေက ၂၀၁၄ ခုနှစ်ထိုင်းအာဏာသိမ်းပွဲအပြီးသုံးခဲ့တဲ့နည်းတွေကို ပုံစံယူလုပ်ထားတာ။ ဒါ ပေမဲ့ဒါတွေကအလုပ်မဖြစ်ဘူးဆိုတာ သက်သေပြခဲ့ပြီးပြီ။ ၁၉၈၈ ခုနှစ်က ဒီမိုကရေစီလိုလားသူတွေကို စစ် တပ်ကနှိမ်နင်းတုံးကတောင် နိုင်ငံခြားသားတွေကိုမထိခဲ့ဘူး။ ဒီတကြိမ်မှာတော့ ဘာဘဲဖြစ်ဖြစ် စစ်တပ်က ဒီစည်းကိုတောင်မစောင့်တော့ဘူး။ ဥပမာပြရရင် ဒီချုပ်အစိုးရနဲ့ပူးပေါင်းအလုပ်လုပ်ခဲ့တဲ့ ဩစတြေလျနိုင်ငံ သားကိုဖမ်းတယ်။ အမေရိကန်စင်တာကို သေနတ်နဲ့ပစ်တယ်။

ကျနော်သံအမတ်တာဝန်နဲ့ရှိစဉ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အကြိမ်ပေါင်း ၂၀ နီးပါးတွေ့ဆုံခဲ့တယ်။ သီးသန့်တွေ့တာတွေလဲပါတယ်။ သူဟာ နိုင်ငံရေးအရရည်မှန်းချက်ကြီးမားသူလို့ ကျနော်ခံစားမိပေမဲ့ ရိုဟင် ဂျာအကြပ်အတည်းကိစ္စဆွေးနွေးတုံးကတော့ သူဟာစဉ်းစဉ်းစားစားလုပ်တတ်သူ ယုံကြည်ရသူပါဘဲ။ သူက စစ်တပ်ရဲ့ရပ်တည်ချက်ကို ဒီဒေသအတွင်းဘာတွေဖြစ်ခဲ့တယ်ဆိုတာပြတဲ့ ဓတ်ပုံတွေပြပြီး အသေးစိတ်ရှင်း ပြတယ်။ဒါပေမဲ့ ခုတော့ သူရော သူ့စစ်တပ်ရောဟာ တိုင်းပြည်ကိုအုပ်ချုပ်ဘို့ ခေါင်းဆောင်မှုအရည်အသွးမ ရှိဘူးဆိုတာ လက်ရှိအခြေအနေက ရှင်းရှင်းလင်းလင်းပြနေတယ်။ သူ့ပင်ကိုယ်သဘာဝကို မခန့်မှန်းနိုင်ခဲ့တဲ့ အတွက် ကျနော်စိတ်ကသိကအောက်ဖြစ်ရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ်ရှိစဉ်က ဟူဂူချီ သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦး စီးချုပ်မင်းအောင်လှိုင်တို့နှင့်မကြာခဏတွေ့ဆုံခဲ့သည်။

မေး။ ။ အခြေအနေတွေဘယ်လိုဖြစ်လာမလဲလို့ခင်ဗျားမျှော်လင့်ပါသလဲ။

ဖြေ။ ။ ကံဆိုးချင်တော့ ကျနော့်မှာအကောင်းမျှော်လင့်ချက်မရှိပါဘူး။ စစ်တပ်ကလူတွေကိုအစုလိုက်အပြုံ လိုက်ဖမ်းဆီးနှိပ်စက်တာ၊ ပိုပြီးသွေးထွက်သံယိုနှိမ်နင်းတာ၊ ခြိမ်းခြောက်တာတွေလုပ်ပြီး ဆန္ဒပြပွဲတွေကို တဖြည်းဖြည်းပျောက်သွားအောင်လုပ်နိုင်ပါလိမ့်မယ်။ ပြီးရင်စီးပွားရေးအစီအစဉ်တွေစတင်လုပ်ဆောင်ပြီး ရွေးကောက်ပွဲကျင်းပမဲ့ရက်ကိုလည်းကြေညာပါလိမ့်မယ်။

စစ်တပ်အဖွဲ့ဝင်တွေပါတဲ့ အစိုးရတရပ်ကိုရွေးကောက်တင်မြှောက်ပြီးပြီဆိုရင်တော့ မြန်မာနိုင်ငံ ဒီမိုကရေစီ အတိုင်းအတာတခုအထိရသွားပြီဆိုပြီး အမေရိကန်၊ ဥရောပသမဂ္ဂ နဲ့ ဂျပန်တို့ကလဲ အသိအမှတ်ပြုကြလိမ့် မယ်လို့ စစ်တပ်ကတွက်ချက်ထားဖွယ်ရှိပါတယ်။ ရွေးကောက်ပွဲကိုနိုင်ဘို့ဆိုရင်တော့ ဒေါ်အောင်ဆန်းစု ကြည်နဲ့ ဒီချုပ်ပါတီတို့ကိုရွေးကောက်ပွဲမဝင်နိုင်အောင်လုပ်မှာကတော့ သံသယဖြစ်စရာမရှိပါဘူး။ ဒီချုပ်ကို တရားမဝင်ပါတီဖြစ်အောင်လုပ်ပါလိမ့်မယ်။ ဒီလိုရအောင်လုပ်ဘို့ဆိုရင် နိုင်ငံတကာရှုတ်ချကန့်ကွက်တာ တွေကိုလဲ သူတို့ကခံနိုင်ရည်ရှိအောင်လိုလိုလားလားလုပ်ကြပါလိမ့်မယ်။ အဲဒါကတော့ ဘယ်လိုအဓိပ္ပာယ်ရှိ တဲ့အလျော့ပေးမှုမျိုးကိုမျှမလုပ်ကြဘို့ပါဘဲ။ အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေကတော့ သူတို့ကို ကျေ ရာကျေကြောင်းဆက်ဆံကြမှာဘဲလို့ သူတို့ကထည့်တွက်ထားတယ်။

မေး။ ။ အထွေထွေရွေးကောက်ပွဲလုပ်ပေးမယ်လို့ကြေညာရင်တောင်မှ အခြေအနေတွေက ငြိမ်သက်သွားမဲ့ သဘောမရှိဘူးပေါ့။

ဖြေ။ ။ စစ်တပ်နဲ့ပေါင်းသင်းထားတဲ့ ‘ဒီမိုကရက်တစ်အစိုးရ’ ကို နိုင်ငံတကာအသိုင်းအဝိုင်းကအသိအမှတ်ပြု လိမ့်မယ်လို့ ထည့်တွက်ထားတာက သူတို့မျှော်လင့်ထားတဲ့ရလဒ်တော့မဟုတ်ဘူး ဒါပေမဲ့ ဒီမျှော်လင့်ချက် ကို စစ်တပ်ကအသေဆုပ်ကိုင်ထားတယ်။

နောက်ထပ်ဖြစ်နိုင်ခြေတခုကတော့ အလုပ်မဖြစ်တဲ့အမျိုးသားအစိုးရကြောင့် တိုင်းပြည်ပြိုကျရပ်ဆိုင်းသွား လုမတတ်ဖြစ်သွားနိင်တာဘဲ။ လူထုရဲ့ခုခံအာခံမှုကဒီအတိုင်းဆက်တိုးသွားမယ်ဆိုရင်တော့ အင်အား ၄ သိန်းရှိတဲ့စစ်တပ်နဲ့ အင်အား ၇ သောင်းရှိတဲ့ ရဲတပ်ဖွဲ့က အခြေအနေတွေကိုထိန်းနိုင်မှာမဟုတ်တော့ဘူး။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုစာ ဒီမိုကရေစီအနံ့အသက်ကလေးကိုရှူရှိုက်ခွင့်ရလိုက်တဲ့လူထုကတော့ ဘာဘဲဖြစ် လာလာ စစ်တပ်အုပ်ချုပ်မှုကိုလက်ခံဘို့ငြင်းဆန်ကြမှာဘဲ။ ဒါ့အပြင်နယ်စပ်ကတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကလဲစစ်တပ်ကိုခံတိုက်လာကြမှာဘဲ။ စစ်ပွဲတွေပိုပြီးခပ်စိပ်စိပ်ဖြစ်လာမယ်။

လုံးဝရှေ့မတိုးနောက်မဆုတ်အခြေအနေကြောင့် တပ်ချုပ်ကြီးအပေါ် တပ်ရဲ့ သစ္စာခံမှုအားနည်းသွားပြီဆိုရင် တော့ သူလဲချဉ်းကပ်ပုံပြောင်းကောင်းပြောင်းလိမ့်မယ်၊ ဒါမှမဟုတ် ရာထူးကဆင်းပေးလိမ့်မယ်။ စစ်တပ်အ တွင်းမှာတောင် ထပ်ပြီးအာဏာသိမ်းမှုဖြစ်နိုင်သေးတယ်။ အဆိုးဆုံးဖြစ်နိုင်ခြေကတော့ အရင်စစ်တပ်အုပ် ချုပ်မှုတုံးကလိုဘဲ ကမ္ဘာနဲ့အဆက်ဖြတ်ပြီးနေသွားမဲ့အလားအလာဘဲ။

မေး။ ။ ဂျပန်ကဘာလုပ်သင့်သလဲ။

ဖြေ။ ။ ပထမအဆင့်အနေနဲ့ကတော့ အကောင်းမြင်ဝါဒနဲ့ စိတ်ကူးယဉ်ယူဆချက်တွေကို ဂျပန်ကစွန့်လွှတ်ရ မယ်။ စစ်တပ်ရဲ့အတွင်းပိုင်းသဘောသဘာဝကို ယေဘူယျ မဟုတ်ဘဲ သေသေချာချာအသိအမှတ်ပြုဘို့လို တယ်။ ဖြစ်လာမဲ့အပြောင်းအလဲကိုမှန်းဆနိုင်ဘို့အတွက် မြေပြင်အခြေအနေတွေကို ရှင်းရှင်းလင်းလင်း အကဲဖြတ်ရမယ်။ ဒီလိုခွဲခြမ်းစိတ်ဖြာသုံးသပ်မှုတွေကိုအခြေခံပြီး တန်ပြန်အစီအစဉ်တွေကိုချမှတ်ရမယ်။

ဟုတ်ပါတယ်၊ ဂျပန်ဟာမြန်မာနိုင်ငံနဲ့ဆက်ဆံရာမှာ မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးကို ထည့်သွင်းစဉ်း စားသင့်ပါတယ်။ မြန်မာပြည်သူတွေဟာ ဂျပန်နိုင်ငံအပေါ်အလွန်အယုံအကြည်ရှိကြောင်းပြသထားခဲ့ကြပါ တယ်။ ဂျပန်အစိုးရဦးစားပေးစဉ်းစားရမှာကတော့အသက်တွေကိုဘယ်လိုကယ်နိုင်မလဲဆိုတာရယ် ခံစား နေရတဲ့ ဒုက္ခတွေလျော့ပါးသက်သာအောင်ဘာလုပ်ပေးနိုင်မလဲဆိုတာစဉ်းစားဘို့ဘဲ။ ပြီးတော့ ဂျပန်ရဲ့ အမျိုး သားအကျိုးစီးပွားကိုလဲကာကွယ်သင့်တယ်။

မေး။ ။ ဂျပန်ရဲ့ အမျိုးသားအကျိုးစီးပွားကဘာတွေလဲ။

ဖြေ။ ။ မြန်မာနိုင်ငံကို ‘အာရှရဲ့နောက်ဆုံးရှေ့တန်းစစ်မျက်နှာ’ လို့ခေါ်တယ်။ အဲဒီမှာ ဂျပန်ကုမ္ပဏီပေါင်း ၄၀၀ ကျော်လုပ်ကိုင်နေတယ်။ ဂျပန်အစိုးရကလဲ မြန်မာနိုင်ငံမှာရှိတဲ့လုပ်ငန်းတွေကို အားပေးတယ်။ ဒါ ကြောင့်ကျနော်လဲတာဝန်ရှိတယ်လို့ခံစားရတယ်။ ခုဖြစ်နေတဲ့ လတ်တလောအခြေအနေတွေကြောင့် ဂျပန် ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာအလုပ်လုပ်ရတာ အရမ်းအန္တရာယ်များသွားပြီ။ အာဏာသိမ်းတာကအချိန်မရွေး ဖြစ်နိုင်တာကြောင့်ဘဲ။ ဒီလိုအခက်အခဲမျိုးတွေနဲ့ရင်ဆိုင်ရတဲ့အခါ ကုမ္ပဏီတွေကိုဘယ်လိုအကာအကွယ်ပေး မလဲဆိုတာ တဲတဲလေးဖြစ်နေတယ်။

လတ်တလောအခြေအနေအရတော့ စီးပွားရေးလုပ်ငန်းတွေထိထိရောက်ရောက်အလုပ်လုပ်လို့ရတော့မှာ မ ဟုတ်ဘူး။ ကုမ္ပဏီတခုချင်းကဘယ်လိုတုံ့ပြန်ဆောင်ရွက်မယ်ဆိုတာ ကိုယ့်ဖာသာဆုံးဖြတ်ရမယ်။ သူတို့ကို မြန်မာပြည်တွင်းကကယ်ထုတ်ဘို့အခြေအနေဖြစ်လာရင်  သူတို့ကိုကူညီနိုင်ဘို့ အစိုးရနဲ့သံရုံးက အကောင်း ဆုံးလုပ်ပေးရမယ်။ အခြေအနေကိုအသိအမှတ်ပြုဘို့နဲ့ အဆိုးဆုံးအခြေအနေအတွက်ပြင်ဆင်ထားဘို့ကို ဦး စားပေးလုပ်သင့်တယ်။

တရားဝင်ဖွံ့ဖြိုးရေးအကူအညီ (ODA) ကိုပြန်စဉ်းစားရတာက ရှောင်လွှဲလို့မရဘူး။ ၂၀၁၁ ခုနှစ်ကတဲက ပေးခဲ့တဲ့ ကြွေးမြီက အခု ၁ ထရီလီယံ ယန်း (ဒေါ်လာ ၉.၁ ဘီလီယံ) ရှိနေပြီ။ ကြွေးသစ်တွေကို မပေးတော့ ဘဲရပ်ထားလိုက်မယ်ဆိုရင်တောင် လက်ရှိအကြွေးတွေနဲ့ ရစရာရှိတဲ့ငွေတွေ ဘယ်လိုပြန်ကောက်မလဲဆို တာဆုံးဖြတ်ဘို့လိုတယ်။ ဒါကအတော်ခေါင်းစားရတဲ့ပြဿနာဘဲ။ ဒါပေမဲ့ ကြွေးမြီအစီအစဉ်တခုကို အခြေခံ ကပြန်လည်သုံးသပ်ပေးဘို့ မေတ္တာရပ်ခံလာရင်  အခုတော့ငွေကြေးအကူအညီအတွက် ကြိုတင်စည်းကမ်း သတ်မှတ်ချက်တွေကပြောင်းလဲသွားပြီဆိုတာဘဲ။ ကျနော်တို့မှာတခြားပြန်လည်ဆန်းစစ်လေ့လာစရာ ကိစ္စတွေလဲရှိသေးတယ်။ ကာကွယ်ရေးကိစ္စအပြန်အလှန်ဖလှယ်မှုတွေနဲ့ တိုင်းပြည်တွင်းမှာကျန်နေသေးတဲ့ ဂျပန်နိုင်ငံသား ၁,၆၀၀ တို့ကိစ္စတွေအပါအဝင်ပေါ့။ လိုအပ်ရင်သူတို့ကိုဂျပန်ကိုပြန်ခေါ်နိုင်ဘို့ပေါ့။

မေး။ ။ ဂျပန်အစိုးရမှာလဲ စစ်တပ်နဲ့သူ့ကိုယ်ပိုင်အဆက်အသွယ်တွေရှိတယ်။ ဒါတွေကို အကြပ်အတည်း မှာ ဝင်ဖျန်ဖြေပေးဘို့ဂျပန်ကသုံးနိုင်မလား။

ဖြေ။ ။ ခုလောလောဆယ်တော့ မြန်မာနိုင်ငံရဲ့ ရှင်သန်နိုင်ရေးစီမံကိန်းမှာဂျပန်မပါဘူး။ ဂျပန်ကကမ်းလှမ်း တဲ့ အစည်းအဝေးမျိုးကိုလဲ သံခင်းတမန်ခင်းလောက်ဘဲ စစ်တပ်ကစဉ်းစားမှာဘဲ။ ရိုးရိုးသားသားပါဝင် ဆက်ဆံဘို့ဖြစ်နိုင်စရာသိပ်မရှိဘူး။ ပြီးတော့ဒီလိုကမ်းလှမ်းမှုမျိုးကသူတို့ကိုသွားဆွသလိုလဲဖြစ်နိုင်သေး တယ်။ ဒါပေမဲ့ နိုင်ငံဒေဝါလီခံရမဲ့အခြေအနေမျိုးထိ စစ်တပ်ကိုချောင်ပိတ်မိအောင်တွန်းပို့နိုင်ပြီဆိုရင်တော့ ဂျပန်ကကူညီနိုင်ပါလိမ့်မယ်။ ဒီလိုဖြစ်ဘို့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေလုပ်နိုင်အောင် ဂျပန်က အမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်သင့်တယ်။

မေး။ ။ မြန်မာနိုင်ငံအပေါ် ပြင်းထန်တဲ့ရပ်တည်ချက်ထားတာဟာ တရုတ်ဘက်ကိုတွန်းပို့သလိုဖြစ်လိမ့်မယ် ဆိုတဲ့ စိုးရိမ်ချက်မျိုးလဲရှိပါတယ်။ ခင်ဗျားဘယ်လိုထင်ပါသလဲ။

ဖြေ။ ။ အခြေအနေကဒီလောက်မရိုးရှင်းပါဘူး။ တရုတ်ကလဲ စစ်တပ်အာဏာသိမ်းမှုကို စိတ်ပျက်စရာ၊ ဒုက္ခ များစေတဲ့အရာလို့လဲ ယူဆကောင်းယူဆနိုင်ပါတယ်။ မြန်မာလူမျိုးတော်တော်များများက တရုတ်က စစ်တပ်ကိုထောက်ခံနေတယ်လိုထင်နေကြတယ်။ ဒါကြောင့်တရုတ်ဆန့်ကျင်ရေးစိတ်ဓတ်တွေကိုမီးထိုးပေး နေသလိုဖြစ်ပြီး ရေနံနဲ့ဓတ်ငွေ့လို မြန်မာနိုင်ငံက တရုတ်အကျိုးစီးပွားတွေအတွက်လဲ အန္တရာယ်ရှိလာနေ တယ်။

တရုတ်အတွက်တော့ သူ့နိုင်ငံတွင်းက သူ့အကျိုးစီးပွားတွေကို လုံခြုံအောင် နဲ့ ကာကွယ်ပေးဘို့ထက် ပိုပြီး အရေးကြီးတဲ့အရာဘာမှမရှိဘူး။ ဒီလိုလုပ်ဘို့နည်းလမ်းပေါင်းစုံကိုအသုံးပြုဘို့အသင့်ဖြစ်နေတယ်ဆိုရင် တောင် တရုတ်အနေနဲ့ချင့်ချင့်ချိန်ချိန်လုပ်သင့်တယ်။

တရုတ်အနေနဲ့ စစ်တပ်ကို ပြည်သူတွေကိုသတ်ဖြတ်တာရပ်ဘို့၊ စစ်တပ်ကလုပ်ဘို့စီစဉ်ထားတဲ့ အထွေထွေ ရွေးကောက်ပွဲကို နိုင်ငံတကာအသိုင်းအဝိုင်းကလက်ခံလာအောင် အခြေအနေတရပ်ဖန်တီးပေးဘို့ ပြောရ မယ်ထင်တယ်။ ဒီတော့ တရုတ်က အာဆီယံကို ဒီလိုမျိုးလုပ်ဘို့ အားပေးလိမ့်မယ်။ အာဆီယံ ကိုယ်တိုင်က လဲ မစွက်ဖက်ရေးမူကိုယုံကြည်သူဘဲ။ ဒီတော့သူတို့က လိုင်းချင်းတူတယ်။ တရုတ်ကလက်နက်ကိုင်သူပုန် တွေအပေါ်မှာသူ့မှာရှိတဲ့ ဩဇာကိုလဲသုံးလာနိုင်တယ်။

ဒါပေမဲ့ တခုမှတ်သားထားရမှာက စစ်တပ်အနေနဲ့ သူ့မှာ တရုတ်တခုထဲရွေးလမ်းရှိတယ်ဆိုတဲ့အဖြစ်ကို အရောက်ခံမှာမဟုတ်ဘူး။ ဒီအချက်ကိုသတိထားပြီးတော့ ဂျပန်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကလဲ လုပ် ဆောင်သင့်တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required