စစ်အာဏာရှင်ကို တရော်ကင်ပွန်းနှင့် တော်လှန်သည့် မန္တလေး

14 April 2021
စစ်အာဏာရှင်ကို တရော်ကင်ပွန်းနှင့် တော်လှန်သည့် မန္တလေး

ဒီကနေ့ဟာသင်္ကြန်အကြိုနေ့ဖြစ်ပေမယ့် ရေကစားပွဲမကျင်းပဘဲ စစ်အာဏာရှင်ကို တော်လှန်လှုပ်ရှားမှုတွေသာ လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

မန္တလေးမြို့မှာလည်း စစ်အာဏာရှင်ကို နေ့စဥ် ဆန့်ကျင်နေတဲ့ မြတောင်သပိတ်စစ်ကြောင်းက မိန်းကလေးတွေဟာ တရော်ကင်ပွန်းသပိတ် လှုပ်ရှားမှုနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ဆောင်ခဲ့ပြန်ပါတယ်။

တရော်ကင်ပွန်းထုတ်တွေမှာ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ပြည်သူတွေအားတင်းထားဖို့နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ရည်ရွယ်တဲ့ စာသားတွေရေး၊ကပ်ကာ အများပြည်သူကို ဝေငှခဲ့တာ ဖြစ်ပါတယ်။
မန္တလေးအပြင် မြန်မာနိုင်ငံအနှံ့က မြို့တွေမှာလည်း စစ်အာဏာရှင်တော်လှန်ရေးအတွင်းမှာ ကျဆုံးခဲ့သူတွေကို စာနာတဲ့အပြင် စစ်ကောင်စီကို ဆန့်ကျင့်တဲ့တဲ့အနေနဲ့ ရိုးရာသင်္ကြန်ပွဲတော်ကို မကျင်းပကြပါဘူး။

သင်္ကြန်ပွဲတော်အစား နိုင်ငံအနှံ့မှာ ပုံစံမျိုးစုံနဲ့ တော်လှန်သင်္ကြန်လှုပ်ရှားမှုတွေသာ ပြုလုပ်နေကြတာကို တွေ့ရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required