ဧပြီ ၁၃
ဆီးရီးယားနိုင်ငံကို အကြီးအကျယ် ပျက်စီးစေခဲ့သည့် ပဋိပက္ခမျိုးကဲ့သို့သော ကြီးမားသည့် ပဋိပက္ခတစ်ခုဆီ မြန်မာနိုင်ငံသည်လည်း ဦးတည်သွားနိုင်သည်ဟု ထင်ရကြောင်း ကုလ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက ဧပြီ ၁၃ ရက်တွင် ပြောကြားသွားခဲ့သည်။
အလားတူ မြန်မာနိုင်ငံတွင် လူသားတို့အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ ဖြစ်နိုင်ခြေနှင့်ပတ်သက်ပြီးလည်း ကုလ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက သတိပေးသွားခဲ့သည်။
မြန်မာနိုင်ငံက အခြေအနေဟာ ပီပီပြင်ပြင် ထင်ထင်ရှားရှား ရှိတဲ့ ပဋိပက္ခတစ်ခုဆီ ဦးတည်နေမယ့်အပေါ် ကျွန်မ စိုးရိမ်မိပါတယ်၊ ဒီတော့ ဆီးရီးယားနဲ့ အခြားနေရာတွေမှာ အရင်အတိတ်တုန်းက လူသေဆုံးစေခဲ့တဲ့ အမှားမျိုးတွေ နောက်တစ်ကြိမ် ထပ်မဖြစ်အောင် နိုင်ငံတွေအနေနဲ့ လုပ်ဆောင်ကြရပါလိမ့်မယ်” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ချယ် ဘက်ချ်လက်က ထုတ်ပြန်ချက်တစ်စောင်တွင် ထုတ်ပြန်ပြောဆိုသွားခဲ့သည်။