ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှာ ဒီကနေ့ ဧပြီ(၁၂)ရက် မနက်ပိုင်းက အာဏာရှင်တော်လှန်ရေး ဆိုင်ကယ်စီးသပိတ်ပြုလုပ်ခဲ့ပါတယ်။ ဆိုင်ကယ်စီးသပိတ်ကို ကျောင်းသားသမဂ္ဂအဖွဲ့တွေနဲ့ မြို့ခံ G-Z တို့က ဦးဆောင်ကာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဆိုင်ကယ်သပိတ်ကို မိုးညှင်းမြို့ပေါ်နဲ့ ကျေးရွာတွေကို လှည့်လည်ကာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ လှည့်လည်ဆန္ဒပြရာမှာတော့ စစ်အာဏာရှင် ကျဆုံးရေး၊ဖမ်းဆီးထား တဲ့ခေါင်းဆောင်များ ချက်ချင်းလွှတ်၊ဒီမိုကရေစီရရှိရေး စတဲ့ကြွေးကြော်သံ တွေနဲ့ဆန္ဒပြခဲ့ ကြတာ ဖြစ်ပါတယ်။