ကိုရိုနာဗိုင်းရပ်ကပ်ရောဂါဘေးအတွင်း ကလေးအသေမွေးတာ၊ မိခင်ဝမ်းတွင်းမှာတင် သေဆုံးသွား တာနဲ့ သားအိမ် အပြင်ဘက်မှာ သန္ဓေတည်တာတွေ ပိုများလာတာတွေ့ရပါတယ်။ ဒါဟာ မိခင်လောင်းတွေအနေနဲ့ ကျန်းမာရေးစစ်ဆေးစမ်းသပ်တဲ့အကြိမ်ရေ လျော့ကျသွားတာကြောင့် ဖြစ်နိုင်ကြောင်း လေ့လာချက်တခုကို လဲန်းဆဲန့် ဆေးသိပ္ပံဂျာနယ်မှာ ဖော်ပြပါတယ်။ ဗွီအိုအေသတင်းထောက် Mariama Diallo ရဲ့သတင်းပေးပို့ချက်ကို မခွာညိုက တင်ဆက်ထားပါတယ်။