၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးသတ် ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ကြေညာလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ နဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီက အရေးယူနိုင်ဖို့ အခက်အခဲရှိတယ်လို့ ကုလလုံခြုံရေးကောင်စီအစည်းအဝေးကို တက်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews က ဗွီအိုအေကိုပြောပါတယ်။ ဒီလို နိုင်ငံတကာသတင်းဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေလဲနှုန်း၊ ရွှေဈေးနဲ့စက်သုံးဆီဈေးနှုန်းတွေကို ဧပြီလ ၂ ရက်နေ့ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။