ဒေါ်အောင်ဆန်းစုကြည်ကို အမှုထပ်တိုး တရားစွဲ

ဒေါ်အောင်ဆန်းစုကြည်ကို အမှုထပ်တိုး တရားစွဲ
Photo: AFP

ရာထူးက ဖယ်ရှားပြီး ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဟာ အင်္ဂါနေ့ နောက်ထပ်အမှုသစ် ထပ်တိုးပြီး တရားစွဲဆိုကြောင်း သိရပါတယ်။ 

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို နှိပ်ကွပ်နိုင်ဖို့အတွက် စစ်တပ်ဟာ အင်တာနက်ကို ဒုတိယမြောက်ညအဖြစ် ပိတ်ချခဲ့ပါတယ်။ 

စစ်ဗိုလ်ချုပ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှားပြီး အရပ်သားခေါင်းဆောင်တွေကိုလည်း နေပြည်တော်မှာ နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထားတဲ့ နှစ်ပတ်အတွင်း မြို့ကြီးမြို့ငယ်တွေနဲ့ ကျေးရွာတွေပါမကျန် ပြည်သူတွေဟာ ကန့်ကွက်ဆန္ဒပြလျက် ရှိနေပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေနဲ့ တရားစွဲထားရာက အင်္ဂါနေ့က ဗီဒီယိုကွန်ဖရင့်နဲ့ အမှုစစ်ဆေးကြားနာရာမှာ သဘာဝဘေးအန္တရာယ်စီမံမှု ဥပဒေပုဒ်မနဲ့ပါ ထပ်တိုးအမှုဖွင့်လာတာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က အေအက်ဖ်ပီကို ပြောပါတယ်။ 

သမ္မတ ဦးဝင်းမြင့်ကိုတော့ ဖေဖော်ဝါရီ ၁ ရက်ကတည်းက သဘာဝဘေးအန္တရာယ်စီမံမှု ဥပဒေနဲ့ အမှုဆက်ဖွင့်ထားတာဖြစ်ပါတယ်။ 

လက်ရှိအထိ ဆက်သွယ်လို့ မရသေးတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို မတ် ၁ ရက် အမှုစစ်ဆေးရာမှာ ဗီဒီယိုကွန်ဖရင့်ကနေ တွေ့ရှိခွင့်ရရှိမယ်လို့ မျှော်လင့်ကြောင်းလည်း ဦးခင်မောင်ဇော်က ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required