အာဏာသိမ်းအစိုးရကိုကန့်ကွက်သောအားဖြင့် ဝန်ထမ်း ဒါဇင်ပေါင်းများစွာ Civil Disobedience Movement (CDM) တွင် ပါဝင်ဆင်နွှဲနေခဲ့သည့် နိုင်ငံပိုင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) ၏ ဖေ့စ်ဘွတ်သတင်းစာမျက်နှာမှာ ဖေဖော်ဝါရီ ၈ ရက်နေ့ကတည်းက သတင်းများတင်နိုင်ခြင်းမရှိဘဲ ရပ်ဆိုင်းသွားသည်။
MRTV က နောက်ဆုံးတင်ထားသော သတင်းမှာ ဖေဖော်ဝါရီ ၈ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းဖြစ်သည်။
ဝန်ထမ်း ၂၀၀၀ ကျော်ရှိသည့် MRTV တွင် CDM ဆင်နွှဲနေသည့်ဝန်ထမ်းပေါင်း ၁၀၀ ကျော်ရှိသည်ဟု သိရသည်။