ဖေဖော်ဝါရီ ၅ရက်၊ ၂၀၂၁ ခုနှစ်
မြန်မာ စစ်တပ်က အာဏာသိမ်းခြင်းနှင့် ပတ်သက်ပြီး အခြေခံဥပဒေ ပြဌာန်းချက်များကို လိုသလို အဓိပ္ပါယ်ဖွင့်ဆို၍ ဆောင်ရွက်သဖြင့် ကန့်ကွက်ကြောင်း လက်နက်ကိုင် တိုင်းရင်သား အဖွဲ့တဖွဲ့ ဖြစ်တဲ့ ကရင်နီ အမျိုးသား တိုတက်ရေး ပါတီ (KNPP) အဖွဲ့က ယနေ့ ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် ရွေးကောက်ပွဲရလဒ် ကိုအခြေခံ၍ ဖြစ်ပေါ်လာသည့်အကျပ် အတည်း ပြဿနာများကို လက်ရှိအာဏာရအစိုးနှင့် တပ်မတော် တို့ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာပါက ပြေလည်နိုင်သည်ဟု ၎င်းတို့ အနေဖြင့် တစ်ထစ်ချ ယုံကြည့်ကြောင်း ဆိုသည်။
ထုတ်ပြန်ချက်အရ အနာဂတ်ဖယ်ဒရယ် တည်ဆောက်ရေးကို ရှေးရှုပြီး ဒီမိုကရေစီအစိုးရတစ်ရပ် အမြန်ဆုံး ပြန်လည်ပေါ်ထွန်းရန် သက်ဆိုင်သူ အားလုံးနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။