ရန်ကုန်မြို့အပါအဝင် နေပြည်တော်စတဲ့ မြို့ကြီးတွေမှာ ခုရက်ပိုင်းအတွင်း နေ့စဉ်ရက်ဆက်ဆိုသလို တပ်မတော်ထောက်ခံပွဲတွေ နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်ဆန္ဒပြတာတွေ လုပ်ဆောင်နေပါတယ်။
တပ်မတော်ထောက်ခံပွဲတွေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကန့်ကွက်တာကိုတွေကို ဆောင်ရွက်ဖို့ မရှိသေးဘူးလို့ မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးပညာဝံသက မိန့်ပါတယ်။
ခုလိုဆန္ဒပြတာတွေကတော့ တပ်မတော်ချစ်မြတ်နိုးသူတွေနဲ့ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူတွေက လုပ်ဆောင် နေတာလို့ ဦးပညာဝံသက အတည်ပြုမိန့်ကြားပါတယ်။
တည်းဖြတ် / တင်ဆက် - ချမ်းငြိမ်း
#တပ်မတော်#ဆန္ဒပြ#အမျိုးသားရေး#နိုင်ငံရေး