နေပြည်တော်အဝင်ထွက်ကို ပိတ်ဆို့ထားလိုက်ပြီဆိုတဲ့ သတင်းအမှားတစ်ခုက လူမှုကွန်ရက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။
နေပြည်တော်ကို အဝင်အထွက် ပိတ်ထားလိုက်ပီလို့ ကြားနေပါတယ် ရန်ကုန်က လာရင် ၁၁၅မိုင် မှာ ပြန်လှည့်ခိုင်းနေပါတယ် မန်းလေးကလာရင် ၂၂၀မိုင်ကနေ လှည့်ပြန်ခိုင်းနေပါတယ်တဲ့ ဆိုတဲ့ စာသားတွေ ဖေ့ဘုတ်အကောင့်တွေ၊ ဂရုတွေကနေ ဝေမျှလျက်ရှိပါတယ်။
ဒီသတင်းအမှားကို တချို့အကောင့်တွေကနေ ဖြန့်ဝေရာမှာ ပုံအမှားတွေနဲ့တကွ ဖြန့်ဝေနေတာတွေလည်းရှိပါတယ်။
Misinformation Busters Episode 38 Seg 2