အိန္ဒိယ၊ ဖင်လန်၊ ဗီယက်နမ်၊ ကာတာတို့မှ ခရီးသွားလာခွင့် ကန့်သတ်ချက်များကို ရုရှားပယ်ဖျက်

 အိန္ဒိယ၊ ဖင်လန်၊ ဗီယက်နမ်၊ ကာတာတို့မှ ခရီးသွားလာခွင့် ကန့်သတ်ချက်များကို ရုရှားပယ်ဖျက်

ဇန်နဝါရီလ ၂၉ ၊ ၂၀၂၁

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ထားရှိခဲ့သေ အိန္ဒိယ၊ ဖင်လန်၊ ဗီယက်နမ်နှင့် ကာတာနိုင်ငံများမှ ခရီးသွားလာခွင့် ကန့်သတ်ချက်များကို ပယ်ဖျက်လိုက်ကြောင်း ရုရှားသံရုံးက အင်္ဂါနေ့က အတည်ပြု ပြောကြားခဲ့သည်။

“ကိုဗစ်-၁၉ ပျံ့နှံ့မှုကြောင့် ဖင်လန်၊ ဗီယက်နမ်၊ အိန္ဒိယနှင့် ကာတာနိုင်ငံသားများ ရုရှားသို့ ဝင်ခွင့်ကို ကန့်သတ်ထားခြင်းကို ပယ်ဖျက်လိုက်သည်။ အဆိုပါအမိန့်ကို ရုရှားအစိုးရ၏ ဥက္ကဌ Mikhail Mishustin က ၂၀၂၁ ဇန်နဝါရီ ၂၅ တွင် လက်မှတ်ရေးထိုးခဲ့သည်”ဟု ရုရှားသံရုံး တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။

 ရုရှားအစိုးရ၏ သတင်းထုတ်ပြန်ချက်အရ အဆိုပါနိုင်ငံများ၏ နိုင်ငံသားများနှင့် နေထိုင်ခွင့် ပါမစ်ရှိသူများအား လေဆိပ်စစ်ဆေးရေး ဂိတ်များမှ တဆင့် ရုရှားသို့ ဝင်ရောက်ခွင့် ပြုမည်ဖြစ်သည်။

ရုရှားနိုင်ငံသားများအနေဖြင့်လည်း ၎င်းနိုင်ငံများမှ မည်သည့်နိုင်ငံသို့မဆို ပျံသန်းသွားလာနိုင်သည်။

နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဖြစ်ပွားမှု များပြားလာချိန်တွင် ရုရှားသည် ၂၀၂၀၊ မတ်လ ၁၆ ရက်တွင် ခရီးသွားလာခွင့်ကို ကန့်သတ်ခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required