ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာ မြဝတီနယ်စပ်ကနေ တရားမဝင်ပြန်လည်ဝင်ရောက်လာတဲ့ ဇနီးမောင်နှံထံကနေတဆင့် မိသားစုဝင် (၉)ဦး ယခုလပိုင်းမှာပဲ ကိုဗစ်ကူးစက်ခံရတဲ့ဖြစ်စဉ်တစ်ခု နေပြည်တော်မှာဖြစ်ပွားခဲ့ပါတယ်။ နိုင်ငံတော်သမ္မတတိုက်ရိုက်အုပ်ချုပ်တဲ့ ပြည်ထောင်စုနယ်မြေနေပြည်တော်ကို တခြားသောဒေသက ဝင်ရောက်လိုသူတွေအနေနဲ့ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွေကို ဖြတ်သန်းပြီးမှသာ ဝင်ရောက်ရမှာလည်းဖြစ်ပါတယ်။
ရိုက်ကူး /တည်းဖြတ် /တင်ဆက် - အောင်မြတ်သူ