အိန္ဒိယမှာ ကြက်ငှက်တုပ်ကွေး ကူးစက်ဖြစ်ပွားတာကြောင့် ကြက်ဘဲကောင်ရေ သောင်းနဲ့ချီကာ သုတ်သင်မည် 

အိန္ဒိယမှာ ကြက်ငှက်တုပ်ကွေး ကူးစက်ဖြစ်ပွားတာကြောင့် ကြက်ဘဲကောင်ရေ သောင်းနဲ့ချီကာ သုတ်သင်မည် 
Photo - AFP

ဇန်နဝါရီလ ၈ ၊ ၂၀၂၁

အိန္ဒိယနိုင်ငံတစ်ဝန်းမှာ ကြက်ငှက်ဒါဇင်လိုက်ချီ သေဆုံးခဲ့ရတဲ့ အသက်ဘေးရှိ ကြက်ငှက်တုပ်ကွေး ကူးစက်ဖြစ်ပွားတာကြောင့် ကြက်ဘဲကောင်ရေ သောင်းနဲ့ချီပြီးကို သုတ်သင်သတ်ဖြတ်ရမှာ ဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ 

ရာသီပြောင်း ငှက်တွေ၊ ဘဲတွေ၊ ကျီးကန်းတွေနဲ့ ကြက်တွေ ထောင်ပေါင်းများစွာ သေဆုံးရပြီးနောက်မှာ ကြက်ငှက်တုပ်ကွေး ဗီဇနှစ်မျိုးဖြစ်တဲ့ H5N1 နဲ့ H5N8 ကို ထိန်းချုပ်နိုင်ဖို့ အနည်းဆုံး ပြည်နယ် ခြောက်ပြည်နယ်ဟာ မကြာသေးတဲ့ ရက်တွေမှာပဲ စတင်ကြိုးပမ်းနေတာပါ။ 

ကြက်ဘဲတွေနဲ့ တောနေငှက်တွေမှကြား ကူးစက်တတ်တဲ့ ကြက်ငှက်တုပ်ကွေးတစ်မျိုးဖြစ်တဲ့ N5N8 ဟာ ပြီးခဲ့တဲ့ နှစ်အစောပိုင်းကစလို့ နိုင်ငံအချို့ရဲ့ နေရာအနှံ့အပြားမှာ ကူးစက်ပျံ့နှံ့နေတာလည်း ဖြစ်ပါတယ်။ 

ဆောင်းရာသီမှာ ရွှေ့ပြောင်းလာတဲ့ ငှက်အုပ်အများအပြားဟာ ဟိမဝန္တာက ရေကန်တစ်ကန်မှာ သေဆုံးနေကြတာကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ တွေ့ရှိရတာ ဖြစ်တယ်လို့ မြောက်ပိုင်း ဟီမာချယ်ပရာဒက်ရှ်ပြည်နယ်က တာဝန်ရှိသူတွေက ပြောပါတယ်။ 

“ပြီးခဲ့တဲ့ သီတင်းပတ် ဒါမှမဟုတ် ခုထိ ပေါင်ရေကန်မှာ ရာသီပြောင်း ငှက်ကောင်ရေ ၂၄၀၀ ကျော် သေဆုံးပါတယ်။ တနင်္လာနေ့တစ်နေ့တည်းမှာ ကောင်ရေ ၆၀၀ ကျော် သေဆုံးခဲ့တာပါပဲ။”လို့ ပြည်နယ်ရဲ့ တောရိုင်တိရစ္ဆာန်ရေးရာ အကြီးအကဲ အာချာနာရှာမားက အေအက်ဖ်ပီကို ပြောပါတယ်။ 

အိန္ဒိယ အျမျိုးသား အဆင့်မြင့် တိရစ္ဆာန်ရောဂါ ဘေးကင်းရေးဌာနဆီ နမူနာတွေ ပေးပို့ခဲ့ရာမှာ H5N1 ကြက်ငှက်တုပ်ကွေးဖြစ်တာကို စမ်းသပ်တွေ့ရှိတယ်လို့ တာဝန်ရှိသူတွေက ဖြည့်စွက်ဆိုပါတယ်။ 

သေဆုံးတဲ့ ငှက်အများစုဟာ ဆောင်းရာသီမှာ ကောင်ရေထောင်ပေါင်းများစွာ ဆောင်းခိုဖို့ အာရှအလယ်ပိုင်းကနေ တောင်အာရှဆီ ပြောင်းရွှေ့လာတဲ့ ကမ္ဘာမှာ အမြင့်အပျံသန်းနိုင်ဆုံး ငှက်တွေထဲမှာ အပါအဝင်ဖြစ်တဲ့ တောဘဲငန်းတွေပဲ ဖြစ်ပါတယ်။ 

ဒေသတွင်းမှာ ကြက်ဘဲ တင်ပို့ရောင်းချတာကို ဌာနေအာဏာပိုင်တွေက တားမြစ်ထားပြီဖြစ်ပြီး ကူးစက်မှု ထိန်းချုပ်ဖို့ စမ်းသပ်စစ်ဆေးမှုတွေကိုလည်း စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ 

H5N8 ကူးစက်မှုကြောင့် ဘဲကောင်ရေ ၁၂၀၀၀ သေဆုံးခဲ့ရတဲ့ တောင်ပိုင်း ကီရာလာပြည်နယ်မှာ ကြက်ဘဲကောင်ရေ ၃၅၀၀၀ ခန့်ကို သုတ်သင်နေချိန်မှာပဲ ခုလို ငှက်တွေ အုပ်လိုက် သေဆုံးကြတာလည်း ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly