ရှမ်းပြည်မြောက်ပိုင်းနောင်ချိုမြို့နယ်က နာမည်ကျော်ဂုတ်ထိပ်တံတားကြီးနဲ့ သဘာဝ ရှုခင်းတွေကို ကြည့်ရှုနိုင်ဖို့ အမြင့်ပေ ၁၆၀ ကျော်ရှိတဲ့ မှန်သားပြင်လျောက်လမ်းတံတား တည်ဆောက်မှုကို ဇန်နဝါရီလကနေစတင်အကောင်အထည်ဖော်နေပါပြီ။ အပန်းဖြေအဆောက်အဦးတွေထည့်သွင်းတည်ဆောက်မယ့် ဒီစီမံကိန်းကို နှစ်နှစ်လျာထားထားပြီး မှန်သားပြင်တံတားတည်ဆောက်မှုကိုတော့ ခြောက်လအတွင်းအပြီးတည်ဆောက်မယ်လို့သိရပါတယ်။
ရိုက်ကူး /တည်းဖြတ် /တင်ဆက် - အောင်ကိုဦး